Lover + Liar = Perfect Relationship

172 8 2
                                    

[ KookJin ]

" ငါ့အပိုင်မှမဟုတ်ရင် မင်းဘယ်သူ့အပိုင်မှမဖြစ်ရဘူး ဂျွန် ဂျောင် ဂု "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ငါ့အပိုင်မှမဟုတ်ရင် မင်းဘယ်သူ့အပိုင်မှမဖြစ်ရဘူး ဂျွန် ဂျောင် ဂု "

အတ္တစကားတွေကို အရသာခံပြောနေသည့် ပုံကိုက မုန်းချင်စရာသက်သက် ။ ရောက်လာကတည်းက ပြဿနာကောင်မှန်း ၊ အန္တရာယ်မှန်း ခံစားမိနေခဲ့တာကို အပိုတွေပါဆိုပြီး ပြောထားတဲ့သူတွေလည်းအခုလောက်ဆို ဂင်ဆော့ဂျင်ဆိုသူရဲ့ သရုပ်မှန်အောက် ပြားပြားဝပ်နေကြတော့မှာ ။

ငွေအာဏာကို ဘယ်လိုမှ မပုန်ကန်နိုင်ပါလား ။

" ခင်ဗျား သိပ်ရွံဖို့ကောင်းတယ် ဂင်ဆော့ဂျင် "

" အပိုတွေနောက်မှပြော ငါ့အပိုင်လုပ်ပြီး မင်းတို့‌နေရာလေးကိုကယ်မလား မဟုတ်လည်း ... "

ညစ်ပြုံးပြုံးနေသောနှုတ်ခမ်းထူထူတွေရဲ့ တစ်ချိန်တုန်းက နူးနူးညံ့ညံ့အပြုံးတွေကို ဒီအရူးကောင်က ငေးမောဖူးခဲ့တာတွေကို ပြန်မြင်‌ယောင်လာသည့်အခါ ကိုယ့်ကိုယ်ကိုယ်ရှက်မိသည် ။

ဂျောင်ဂု ... မင်းသိပ်အယုံလွယ်လွန်းခဲ့တယ် ။

" လူစိတ်မရှိတဲ့ကောင် ... "

──────────────────────────────────────────

ခြောက်လခန့်ကြာပြီးနောက် ...

" ရောက်နေတာပဲ "

ဧည့်ခန်းထဲမှာ ခြေပေါ်ခြေတင်ထိုင်ရင်း ဆေးလိပ်ဖွာနေသော ဆော့ဂျင်က သူ့အသံကြားတာတောင် သူ့ကိုမကြည့်ဘဲ အပြင်ဘက် ကား,ထားသည့်နေရာကိုလှမ်းကြည့်သည် ။ ဘာကားမှမရှိဘဲ ဗလာဖြစ်နေမှုကို အလိုမကျ၍ မျက်မှောင်ကြုတ်ကာ ကုန်နေပြီဖြစ်သော ဆေးလိပ်တိုကို တစ်ရှိုက်ကြီးရှိုက်ကာဖွာထုတ်ပြီး ဆေးလိပ်တိုကိုတော့ ပြာခွက်ထဲ ဖိထည့်ရင်း မီးသတ်လိုက်၏ ။

Yellow • OTP Collection Where stories live. Discover now