Our Autumn Story • Jinmin

276 23 14
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


[ Unicode ]

ကောင်းကင်ပြာ လွင်ကြည်သော နေ့တစ်နေ့၏ မိုးစင်စင်လင်းချိန်က အေးစိမ့်စိမ့်ရယ် ။ ဆောင်းဦးအစ စက်တင်ဘာလမှာ ဒုတိယအကြိမ် ကျောင်းချိန်တွေလည်း ပြန်ရောက်လာပြီမို့ ပျော်သလိုလိုရှိသည် ။ ကျောင်းပိတ်လျှင် ကျောင်းဖွင့်ချိန်ကို လွမ်းသလို ကျောင်းဖွင့်လျှင် ကျောင်းပိတ်ချိန်ကို လိုလားတောင့်တတာမျိုး ။ ဒီနှစ်ဆောင်းဦးက ဂျီမင်အတွက် အပြောင်းအလဲတွေ သယ်ဆောင်လာပြီး ဦးဆုံး အပြောင်းလဲကတော့ မြို့ပြောင်းနေရတာပေ ။ ဒီမြို့နှင့် ပတ်သက်ပြီး ဝိုးတိုးဝါးတားမှတ်ဉာဏ်တွေကြောင့် ရင်းနှီးနေသလိုရှိလို့ စိမ်းသက်သက်ကြီး မဖြစ်နေဘဲ သက်သောင့်သက်သာရှိ၏ ။

ဒီနေ့က တက္ကသိုလ်သစ်မှာ ပထမဆုံးတက်ရမည့်နေ့ ။ ဘတ်စ်မှတ်တိုင်မှာ ဘတ်စ်လာဆိုက်မှာက ရှစ်နာရီမထိုးခင်လောက်ဆိုတာကို သိပေမဲ့ ယာယီနေနေသည့် အိမ်ကနေ ခြောက်နာရီခွဲ‌ကျော်ကျော်လောက်ကတည်းက လမ်းလျှောက်ထွက်လာခဲ့တာ မိနစ်နှစ်ဆယ်လောက်ကြာမှ ဒီမှတ်တိုင်ဆီရောက်သည် ။ ကျောင်းတက်ဖို့ စိတ်တက်ကြွနေတာမဟုတ်ဘဲ ဘာအကြောင်းရင်းမှမရှိ ဒီနေရာကို စောစောလာပြီး ထိုင်နေချင်စိတ်တစ်ခုတည်းနှင့် ဂျီမင် ရောက်နေတာပေ ။ ဖုန်းကနေပဲ အချိန်ကိုကြည့်လိုက်တာ ကားရောက်ဖို့ နာရီဝက်လောက်လိုဦးမည်ကို သိရတော့‌ စောလာမိတာ မှားသွားပြီဟု စိတ်ပျက်ပျက်တွေးလိုက်သေးသည် ။

စာအုပ်ဖတ်လေ့ဖတ်ထမရှိပေမဲ့ သူကြိုက်သည့် ရုပ်ရှင်ကား၏ မူရင်းဝတ္ထုဘာသာပြန်ကိုတော့ နှစ်နှစ်ခြိုက်ခြိုက် တစိမ့်စိမ့်အရသာခံ၍ ဖတ်တတ်တာကြောင့် ဒီစာအုပ်ဖတ်နေရင်း စောင့်နေတာက ပျင်းရိပျင်းတွဲ စောင့်နေရတာထက်တော့ ပိုသာသည်လေ ။ ဖတ်လက်စ စာအုပ်တစ်အုပ်ကို သွားလေရာ ထည့်သွားတတ်တဲ့ အကျင့်က အခုလိုအချိန်တွေမှာဆို တော်တော်အထောက်ကူပြုသား ။ စာအုပ်ကိုထုတ် ၊ ရောက်နေသည့် စာမျက်နှာကိုဖွင့်ပြီး ဖတ်တာ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းတာမှန်သည့်တိုင် တစ်ရွက်တောင် ပြည့်အောင်မဖတ်နိုင်လောက်အောင်ကို ဂျီမင် မျက်စိတွေ စပ်လာသည် ... ဒါက သူတော်တော်လေးငိုက်နေကြောင်း သက်သေတွေ ။

You've reached the end of published parts.

⏰ Last updated: Oct 13, 2022 ⏰

Add this story to your Library to get notified about new parts!

Yellow • OTP Collection Where stories live. Discover now