Part 1 (Z/U)
212 6 0
ဆောင်းအကုန်နွေအကူး ရာသီဥတုသာယာသော နွေရာသီရောက်ရင် နေရိပ်တို့ ရွာမှာဆိုလျှင်ဖြင့် အလှူအတန်းတွေအရမ်းပေါပါသည်။ တစ်နေ့ပြီးအလှူမှ ၇ရက်၇လီအဆုံး တတ်နိုင်သမျှ လှူကြတန်းကြလေသည်။
တစ်နေ့ပြီးအလှူ ဆိုတာကတော့ ရက်ရှည်မဟုတ်ပဲ ရှင်လောင်းလှည့် ရေစက်ချတရားနာ တစ်နေ့တည်းအပြီးလှူခြင်းပင်၊
၇ရက်အလှူဆိုတာကတော့ အလှူကြီးနေ့မတိုင်ခင်ကတည်းက ရက်ကြိုထဲက ချက်ပြုတ်ကာ နေ့စဉ်နေ့တိုင်း အရုပ်အလတ်အမြတ်မရွေး ထမင်းကျွေးကာ လှူဒါန်းခြင်းပင်ဖြစ်သည်။
ရွာသူရွာသားများကလည်း အိမ်လုံးကျွတ် မီးခိုးတိတ်လာရောက် ချက်ပြုတ်စားသောက်ကြလေသည်။ပကာသန မာန်မနတို့မပါဝင်သော တောရွာဓလေ့အလှူများ ပင်ဖြစ်လေသည်။
ဆိုင်းဝိုင်းများနှင့် တီးဝိုင်းများကိုလည်းငှားရမ်းကာ ဖျော်ဖြေရေအစီစဉ်များကိုလည်းထည့်တတ်ကြသေးသည်။
ယခုလည်း "ညောင်းကုန်း"ကျေးရွာတွင် ရွာလူကြီး ဉီးညိုမောင်နှင့် ဒေါ်ခင်ရိပ်မွန် တို့၏ အိမ်၌ ရှင်ပြုအလှူကျင်းပရန်ပြငိဆင်နေခြင်းပင်ဖြစ်သည်။
သားသမီး၃ယောက်မွေးထားသော ထိုဇနီးမောင်နှံတို့တွင် သားကြီးဖြစ်သည့် နေညိုဉီးနှင့် သမီးလတ်ဖြစ်သူ ခင်မြတ်မွန်တို့က အိမ်ထောင်ကျကာ သားငယ်ဖြစ်သူ နေရိပ်ညိုကတော့ လူပျိုလေးပင်ဖြစ်လေသည်။
သားကြီးမှမွေးသော မြေးဉီးက သားယောကျာ်းလေးဖြစ်သလို သမီးဖြစ်သူမှမွေးထားသည့် မြေးအလတ်လေးကလည်း ယောကျာ်းလေးပင်ဖြစ်လေသည်။ထို့ကြောင့်မြေး၂ဉီးအား ရှင်ပြုကာ သမီးမှမွေးထားသော မြေးမအကြီးလေးနှင့် အငယ်ဆုံးသမီးလေးအား နားသမင်္ဂလာပြု အလှူကျင်းပပေးခြင်းဖြစ်သည်။
နေရိပ်တစ်ယောက် အလှူတွင်ချက်ပြုတ်နေကြသည့် အမျိုးသမီးများက ရေလိုသည်ဆိုသောကြောင့် မီးစက်မောင်းကာရေတင်ပေးနေခြင်းပင် ။
"နေညိုရေ နေညို ဟေ့ကောင် နေရိပ်ညို"
"ဗျားး"
"အဲ့ဒီ ဗျာကိုနောက်မှာထား လူက အရင်လာစမ်းပါကွာ"
"လာပြီဗျို့"
အဖေဖြစ်သူအနား နေရိပ်အပြေးသွားရင်း...
"အဖေ့ ဘာပြောမလို့လဲ ဟိုမှာ သားက ရေတင်ပေးနေတာကို"
"ထားလိုက် တစ်ခြားသူလုပ်လိမ့်မယ် မင်းကို ငါမေးစရာရှိလို့ခေါ်တာ"
"ဟုတ်"
"မင်း တီးဝိုင်းငှားထားတယ်ဆို ဟုတ်လား"
"အဟဲ ဟုတ်တယ်အဖေရ"
"ဟကောင် အလှူဖိတ်စာတွေကဝေပြီးနေပြီ မင်းကလေ "
"ဟာ အဖေကလည်း ဘာဖြစ်လဲ တီးဝိုင်းရောက်လာမှ အံ့သြသွားကြအောင် လုပ်မလို့လေ"
"နေညိုရာ မင်းကလေ မလွယ်ဘူး"