Part 1

3.6K 104 0
                                    

"သမီးရေ ဆုဆု 7နာရီထိုးနေပြီ ထတော့လေ"
"ဟုတ်ဟုတ် ထပြီ တီလေးရေ"
တီလေးကို ထပြီဟုပြောလိုက်သောလည်း အိပ်‌ချင်နေသေး‌တာကြောင့် မထသေးပဲ ဆက်အိပ်နေလိုက်သည်။

"ဆုဆု မထသေးဘူးလား ငါလာရမှာလား 7နာရီခွဲနေပြီ ကျောင်းနောက်ကျရင် ငါ့အဆိုးမဆိုနဲ့နော်"

ဒီတစ်ခါဝောာ့ ကိုကို ကိုယ်တိုင်လာနိုးတာမို့ မထလို့မဖြစ်တော့။
မထချင်ထချင်နှင့် မျက်နှာသစ် သွားတိုက်ပြီး အောက်ထပ်ဆင်းလာခဲ့ရာ
ထမင်းစားဝိုင်းမှာ ကိုကိုရော အန်တီလေးရော စောင့်နေကြသည်။

"ထမင်းစားတာမြန်မြန်စား အီလေး ဆွဲမနေနဲ့ ကျောင်းနောက်ကျဦးမယ်"
"ဟုတ် ကိုကို"
"နောက်နေ့ မနက်ကစပြီး မနက်ဆို ၆နာရီထရမယ် မနက်စာမစားခင်စာကျက်ပြီးမှ ကျောင်းသွားရမယ် ကြားလား"
"ဟာ ကိုကိုကလဲ ၆နာရီအစောကြီးပဲ မထချင်ပါဘူး"
"မထချင်လို့မရဘူး နောက်နှစ်ဆိုရင် ၈တန်းရောက်ပြီ အစိုးရစစ် အခုလိုပေါ့ပေါ့နေလို့မရဘူး အခုထဲကအကျင့်လုပ်ထားမှရမယ်"
"ကိုကိုကလဲ အခု၈တန်းမှမရောက်သေးတာ"
"လျှာမရှည်နဲ့ ငါထဆိုထ နောက်နေ့ ၆နာရီ Alarm ပေးထားမယ် ၆ခွဲ စာကြည့်ခန်းထဲမှရှိနေရမယ် ၆ခွဲလို့ စာကြည့်ခန်းထဲမရောက်ရင် ငါ့အဆိုးမဆိုနဲ့နော် ကြိုပြောပြီးသား"
"ဟင့် ကိုကိုတို့က အာ့လိုကြီးပဲ"

မနက်စာစားပြီး ကိုကိုကအလုပ်သွားရင်း ဆုကိုကျောင်းလိုက်ပို့ရသည်။ ‌
ကိုကိုက ဆု ထက် 10နှစ် တိတိကြီးသည်။ ဆု ဖေဖေနှင့်မေမေတို့ ဆုံးသွားပြီးထဲက တီလေးကပဲဆုတို့‌ေမာင်နှမကို စောက်ရှောင့်ထားခဲ့တာ ။ဆုက အငယ်ဆုံးမို့ တအိမ်လုံးကအလိုလိုက်ထားကြသည် သို့သော် ကိုကိုကတော့ချွင်းချက် အိမ်မှာ ဆုကြောက်ရတာ ကိုကိုတစ်ယောက်ပဲရှိတယ်။ တီလေးကလဲ ဆု တစ်ခါချွဲပဲ ကိုကိုက ကျန်တဲ့အချိန်ဆို သဘောကောင်းသလောက် ဒေါသထွက်ရင်ကြောက်ဖို့ကောင်းသည်။

သဘောကျရင် vote လေးပေးခဲ့ပါဦးနော် အခုမှစရေးတာဖြစ်လို့ ဖတ်ရတာအဆင်မပြေတာများရှိရင် ပြောခဲ့လို့ရပါတယ်🤎🤘

About a girl Where stories live. Discover now