Part 3

2.3K 85 4
                                    

အာ့နေ့ကစပြီး ည7နာရီကစ 10နာရီထိကိုကိုနဲ့ စာကြည့်ရသည်။ ကိုကိုနဲ့စာလုပ်ရသည်မှာ မလွယ်။ ထစ်ခနဲရှိ ခေါင်းပေါ်လက်ရောက်လာသည်။
"ကိုကို ကျောင်းကအိမ်စာတွေအကုန်လုပ်ပြီးပြီ"
"အာ့တာဆို မနေ့က ကျက်ခိုင်းတဲ့ ပထဝီတွေရပြီလား"
"ရပြီ ကိုကို"
"သေချာလို့လား တစ်လုံးမှားတာနဲ့ တစ်ပုဒ်လုံးအစကပြန်ရေးရမယ်"
"ဟုတ်ကိုကို သေချာပါတယ်"
နာရီ ကြည့်လိုက်တော့ 10နာရီမတ်တင်းနေပြီ။ ဒီတပုဒ်ရေးပြီးရင်တော့ နားရပြီထင်ပါရဲ့။ ငိုက်ကျနေတဲ့မျက်ခွံတွေကို အတင်းဖွင့်ပြီး စာကိုရေးနေရသည်။

အလွတ်ရေးပြီး‌ေတာ့စာတွေကို ကိုကိုကစစ်သည်။
"ကဲ ဘယ်လိုလဲ ပြောတော့ရတာသေချာတယ်ဆို ခုမင်နီရာ ချည်းပါလား ဟမ်!"
"ကိုကိုကလဲ စာကရပါတယ် ရေးလိုက်မှ စာလုံးပေါင်းလေးနည်းနည်းသျှမ်းသွားတာ"
"မလိုချင်ဘူး အစကပြန်ရေး"
"ဟုတ် ကိုကို"
နာရီက 10နာရီထိုးနေပြီ လူကလဲအိပ်နေချင်တာကြောင့် ငိုက်မကျအောင်မနည်းထိန်းနေရသည်။

မှားတဲ့စာတွေ ဒုတိယတစ်ခေါက်ပြန်ရေးပြီး ကို့ကို ကိုပြလိုက်သည်။
"ရော့ ကိုယ်ရေးထားတဲ့စာ ကိုယ်ပြန်ကြည့် စောနကမှားတာလဲဒါပဲ ခုလဲဒါပဲထပ်မှားတယ် နင်စာကိုစိတ်မဝင်စားဘူးလား"
"ကိုကိုကလဲ ‌ခုစောနကလောက် မမှားတော့ပါဘူး ၃လုံးထဲကို"
"မလိုချင်ဘူး တစ်လုံးမှားရင်ပြန်ရေးရမယ်ပြောပြီးသား မမှန်မချင်း မအိပ်ရဘူးမှတ်"
"ဟင့် ကိုကိုကအရမ်းပဲ အကျင့်ကိုမကောင်းဘူး 10နာရီကျော်နေပြီဟာကို နောက်နေ့မှရေးလို့မရဘူးလားလို့"
"မရဘူး မမှန်မချင်းမအိပ်ရဘူး ဒါပဲ"
"အဟင့်..ဟုတ်ကိုကို"

ဒီတစ်ခါတော့ ဆုဆု နည်းနည်းတင်းချင်လာပြီ။ မျက်လုံးကလဲ အရမ်းအိပ်ချင်နေပြီ။ ၃လုံးလေးမှားတာကို ပြန်ရေးခိုင်းတဲ့ ကိုကို ကို့လဲစိတ်တိုသည်။ ကိုကိုအကျင့်ပုပ်ကြီး သူများကိုနှိပ်စက်ဖို့ပဲသိတယ်။ အိပ်ချင်တာမအိပ်ရလို့ စိတ်တိုတိုနဲ့ လက်ရေးကိုဖြစ်သလိုရေးလိုက်သည်။
"ဒါဘယ်လိုဖြစ်တာလဲ နင့်လက်ရေးနင်ပြန်ကြည့်စမ်း ဘာလဲ နင်ကငါ့ကိုရွဲ့တာလားဟမ် ဆုဆု!"
"မဟုတ်ပါဘူး အိပ်ချင်တာကို ကိုကိုက အတင်းရေးခိုင်းနေတာကို"
"ဟုတ်ပြီ အိပ်ချင်ပြေအောင်လုပ်ပေးမယ် ထ မတ်တပ်ရပ်စမ်း"
"ဟင် ကိုကို ဘာလုပ်မလို့လဲ"
"လျှာမရှည်နဲ့ ရပ်ဆိုရပ်နေ ငါပြန်လာခဲ့မယ် "
ပြောပြီး ကိုကိုက စာ့ကြည့်ခန်းထဲကထွက်သွားသည်။ပြန်လာတော့ လက်မှာ ကြိမ်လုံးသေးသေးလေးတစ်ခု။

"ဖြန့်စမ်းအာ့လက် လက်ရေးကိုစုတ်ပြတ်သပ် နေအောင်ရေးတဲ့လက်"
"ဟင့် ကိုကိုမလုပ်ပါနဲ့ နောက်ဆိုလက်ရေးလှအောင်ရေးပါ့မယ်"
"ဖြန့်ဆိုဖြန့်နော် အေး တစ်ညလုံးအရိုက်ခံချင်လားဟမ်"
ထပ်ပြောနေရင်ပိုဆိုးမှာမို့ လက်ကိုဖြန့်ပေးလိုက်ရသည်။
"၂ဖက်လုံးဖြန့် လက်ကိုမရုတ်နဲ့ ရုတ်ရင် ၂ဆနာမယ်"
ရွှမ်း ရွှမ်း....
"လက်ရေးကိုစုတ်ပြတ်နေအောင်ရေးချင်ဦး"
"ဟင့် ကိုကိုနာတယ်လို့"
"အသံမထွက်နဲ့ ငါပိုစိတ်တိုရင် ‌နင်လက်ကျိုးသွားမယ်"
ရွှမ်း ရွှမ်း.....
အားကြီးနဲ့ရိုက်ချသည့် ကိုကို့ကြောင့် လက်တွေထူပူနေပြီ။ 7ချက်ရိုက်ပြီးသည့်အခါ လက်များမှာ အရမ်းနာကျင်နေပြီဖြစ်သောကြောင့် ရှောင်လိုက်မိသည်။
"အော် နင်ကငါ့ဒေါသကိုလာစွနေတာလား လာစမ်းဒီလက် ရှောင်ချင်ဦး"
ရွှမ်း ရွှမ်း ရွှမ်း....
"ဟင့် ကိုကို အရမ်းနာနေပြီ တော်ပါတော့ နောက်တခါမလုပ်တော့ပါဘူး‌ အဟင့်"

10ချက်ကျော် ရိုက်ပြီးသည့်အခါ ကိုကိုကကြိမ်လုံးကို ကြမ်းပြင်သို့ပစ်ချလိုက်သည်။
"သွား နောက်တခါငါ့ကိုရွဲ့ရင်ဒီ့ထက်နာမယ်  အခုမှားတဲ့စာကိုပြန်ရေးထား မနက်ဖြန်စစ်လို့မပြီးရင် ၂ဆနော်"
"အဟင့် ဟင့် ကိုကိုအကျင့်မကောင်းဘူး သူ့အားကြီးနဲ့ရိုက်တယ် စာရေးလို့မရတော့ဘူး ဟင့်"
"ထပ်နာချင်ပြီလား မိဆုဆု ကြိမ်လုံးကပြန်မထားရသေးဘူးနော် နင်မသွားရင်ငါဆက်ရိုက်ရလိမ့်မယ်"
"သွားပြီ သွားပြီ ဟင့် "
အခန်းထဲမှ ငိုယိုဆောင့်အောင့်ပြီးထွက်လာခဲ့သည်။ လက်၂ဖက်မှာ နီရဲပူထူနေပြီ။ ကိုကိုရိုက်တာနဲ့ အိပ်ချင်တာတောင်ကြက်ပျောက်ငှက်ပျောက်။

Vote လေးနဲ့အားပေးခဲ့ကြပါဦးနော်။ မတောက်တခေါက်ရေးထားတာလေးကို အားပေးကြလို့အရမ်းကျေးဇူးတင်ပါတယ်ရှင်🥺❤️

About a girl Where stories live. Discover now