Part 2

2.4K 73 6
                                    

" စိတ်ညစ်လိုက်တာ ငါဒီ ရီပို့ကတ်ကို ကိုကို့ဆီ ဘယ်လိုပြရပါ့ "
လတိုင်း အဆင့် ၁ နေရာကနေ ဒီလကျမှ အဆင့်က ၁၁ ဖြစ်သွားပြီ။ ဒီလ မေးတဲ့ သင်္ချာက ခက်သည် English ကိုလဲ ပိုင်တယ်ဆိုပြီး သေချာကြည့်မသွားတာ အမှတ်ထွက်လာတော့ မှားတာသောက်သောက်လဲ။ မြန်မာစာမှာလဲ သျှမ်းလိုက်သေးသည်။ ဒီလောက်မှားမှတော့ အဆင့်ကထိုးကျတာ မဆန်း။ ကိုကို့မြင်ရင်တော့ အသေသတ်မှာ တီလေးကိုပဲ ကိုကိုမသိအောင် လက်မှတ် ခိုးထိုးခိုင်းရင်ကောင်းမလား....

တီလေးကိုပဲ လက်မှတ်ထိုးမယ်ဆိုတဲ့ အကြံနဲ့ ရီပို့ကတ်ကိုစာအုပ်ကြားထဲညှပ်ထားလိုက်သည်။

" ဒီနေ့တော့ ဒီလောက်ပဲနော် သမီး ၅နာရီလဲခွဲနေပြီဆိုတော့ တီချယ်ပြန်တော့မယ်"
"ဟုတ်ကဲ့ တီချယ် see you tomorrow "
ညနေတိုင်း ဆုဆုကို စာလာသင်ပေးတဲ့ဆရာမ ပြန်သွားတော့ ဗိုက်အရမ်းဆာတာနဲ့ မုန့်ပြေးစားပြီး ရေချိုးဖို့ပြင်နေလိုက်သည်။
ရေချိုးပြီးတော့ အခန်းထဲမှာ ဖုန်းသုံးနေတုန်း
" ဆုဆု.... ဆုဝေကျော် အခုချက်ချင်းလာခဲ့စမ်း"
စာကြည့်ခန်းထဲမှ ကိုကို့အသံက ဒေါသအရမ်းထွက်နေမှန်းသိသာသည်။ ငါတော့ဒုက္ခပဲ
"ဆုဝေကျော်... ငါခေါ်နေတာမကြားဘူးလား"
"ရှင် လာပြီကိုကို"

"ဒါဘာလဲ "
ရီပို့ကတ်ကို ပြပြီး မေးလိုက်သောကိုကို့ကြောင့် ဆုဆု ဒီနေရာမှာတင် အငွေ့ဖြစ်ပြီးပျောက်သာသွားလိုက်ချင်တော့သည်။ ဒုက္ခပဲ ရီပို့ကတ်ကို ကိုကိုမြင်သွားပြီ။

" ကိုကို အာ့...အာ့တာကလေ..."
"အဆင့်က 11 ဟုတ်လား ဟမ်!"
"ဟုတ်..ဟုတ် ပါတယ်ကိုကို"
"ဘာ... နင့်အဆင့်နင်ကြည့်စမ်း ‌ငါ့မျက်နှာကိုအိုးမဲသုတ်တာလားဟမ် အဆင့် 1ကနေ ကျသွားရင် ငါ့အဆိုးမဆိုးနဲ့လို့ ပြောထားပြီးသား နင်အာ့မှာရပ်နေ "
ကိုကိုက ‌ပြောပြီး အခန်းတောင့်မှာထောင်တားသည့်ကြက်မွေးဆွဲယူလိုက်သည်။
ငါတော့သေပြီ
"ဟင့် ကိုကို မလုပ်ပါနဲ့ နောက်တခါကြိုးစားပါမယ် ဒီတခါတော့ခွင့်လွှတ်ပေးပါနော်" ပြောရင်း ထွက်ပြေးဖို့ တံခါးဆီပြေးလိုက်သည်။
"ပြန်လာခဲ့စမ်း ပြေးရင်ပိုနာမယ်နော် ငါအရင်ထဲကသတိပေးထားပြီးသား လာစမ်းဒီကို "
"အဟင့် ကိုကိုကရိုက်မှာ"
"လာခဲ့လို့ပြောနေတယ်  နင်ငါ့အကြောင်းသိတယ်နော် ငါ့ကိုပိုစိတ်တိုအောင်မလုပ်နဲ့"
ထွက်ပြေးရင် ပိုဆိုးမှာမို့ ကြောက်ကြောက်နဲ့ ကိုကို့ရှေ့ကိုသွားလိုက်သည်
"ငါဘာမှမလုပ်ရသေးဘူး အာ့မျက်ရည်တွေတိတ်စမ်း အသံထွက်ရဲထွက်ကြည့်ပိုနာမယ် ဟိုဘက်လှည့်"
" ဖြန်း"
ခြေသလုံးပေါ်သို့ ကျလာသည့် ကြက်မွှေးကြောင့် ဒူးများပင် ယိုင်ချင်သွားသည် ကိုကိုကသူ့အားကြီးနဲ့ အရမ်းရိုက်တာပဲ
"ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း"
ကိုကိုက ၅ချက်ဆက်တိုက်ရိုက်ထည့်လိုက်သည် ငါ့ခြေထောက်တွေကျိုးပြီလားမသိဘူး
"အာ့ ကိုကိုတော်ပါတော့ အရမ်းနာနေပြီ အဟင့်"
" ငြိမ်ငြိမ်နေစမ်း ငါအစထဲကသတိမပေးဘူးလား ဘာလဲနင့်ကငါ့စကားကို အလေးမထားတာလား ညဘက်စာမကြည့်ပဲ ဘာလုပ်နေလို့အဆင့်ကအာ့လောက်ကျတာလဲဟမ် "
ဖြန်း ဖြန်း ...
"စာမကျက်ချင်ဦး ဖြန်း
အဆင့်ဘိတ်ချီးရအောင်ဖြေချင်ဦး  ဖြန်း
နောက်တခါအဆင့်ကျရင်ဒီ့ထက်နာမယ်"

အချက် 20လောက်ရိုက်ပြီး ကိုကိုက ကြက်မွှေးကို ကြမ်းပြင်ပစ်ချလိုက်သည် ခြေထောက်လဲ စုတ်ပြတ်နေပြီ
"သွားတော့ ငါထပ်လုပ်ရင်နာတော့မယ် မနက်ဖြန်ကစပြီး ညတိုင်းငါပဲစာပြမယ် ကိုယ့်ဘာသာမကျက်နဲ့ ကြားလား ပြီးတော့ နင့်ဖုန်းပေး ငါသိမ်းထားမယ် ဒီနေ့ကစပြီးဖုန်းမကိုင်နဲ့တော့"
"ဟင့် ဟုတ် ကိုကို"

ကိုကိုအကျင့်ပုပ်ကြီး လူကို‌ေသ‌ေအာင်ရိုက်ရုံတင်အားမရလို့ ဖုန်းပါသိမ်းဦးမယ်တဲ့ ညတိုင်းသူကစာပြဦးမယ် ငါတော့ဒုက္ခနဲ့လှလှနဲ့တွေ့တာပဲ။

About a girl Where stories live. Discover now