Chapter 1 Unicode

680 46 6
                                    

    " မြန်မြန်လုပ်ကြလေ ဆရာဝန်ခေါ်လိုက်  သခင်လေးကသွေးအန်နေပြန် ပြီ ! "

        "ပါးစပ်ဆေးဖို့ယူလာခဲ့"

        "အိပ်ရာခင်းတွေလဲလိုက်ကြဦး"

         " အရက်ပြန်ပိုးသတ်ဆေးလိုသေးလား"

          "လေသန့်စက် ယူခဲ့ကြဦး"
 
  ရွှမ်ချောင် ထိပ်တန်းရပ်ကွက် ရဲ့ စံအိမ်တခုထဲ က အစေခံတွေမှာတော့ အိမ်တော်ထိန်းရဲ့ စီစဥ်ညွှန်ကြားမှု အောက်မှာ မနက်စောစောစီးစီး အလုပ်များနေကြတယ်။
   အကြောင်းရင်းကတော့ စံအိမ်ထဲက အိပ်ခန်းတခန်းထဲက လူငယ်တယောက်ကြောင့်ဘဲ။
     လူငယ်လေးက ဖြူဖျော့နေပြီး ရောဂါဘယ ကြောင့် ခန္ဓာကိုယ်ကအားနည်းနေတယ် ။
      
      သူ့ရဲ့ နဖူးပေါ်ကဆံပင်က အနည်းငယ်ရှည်နေပြီး
မျက်လုံးလေးတွေက အရောင်ဖျော့နေတယ် ၊ ပြီးတော့ နူးညံ့တဲ့မျက်နှာလေးကလည်း ခပ်မှိန်မှိန် မျက်လုံးလေးတွေကြောင့် လောကကြီးကို ပျင်းရိနေပုံဖြစ်နေတယ်
       သူက ဆေးရုံ လူနာဝတ်စုံနဲ့တူတဲ့ ညဝတ်စုံကို  ဝတ်ထားပြီး ကုတင်ဘေး မှာ ဒူးထောက်ချ ထိုင်ပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးရတဲ့ အတွက်ကြောင့် အသက်ရှူနှုန်း မြန်မှုကို ပုံမှန်ဖြစ်အောင် ညှိနေရတယ်
      
       အစေခံတွေက အခန်းထဲကနေ တယောက်ပြီး တယောက် ထွက်သွားပေမယ့်လည်း လူအချို့ကတော့ ကျန်ရှိနေသေးတယ် ။
        သူတို့ အထဲကရပ်နေတဲ့ တယောက်က သူ့အဖေ ဖြစ်ပြီး ဘေးမှာတော့ သူ့အမေသေဆုံးပြီးနောက် ချက်ချင်း မိထွေးဖြစ်လာတဲ့သူ နဲ့ သူ့ထက် အနည်းငယ် အသက်ကြီးတဲ့ မိထွေးရဲ့ သားဖြစ်သူတို့ ရပ်နေတယ်
      အဲ့အချိန်မှာဘဲ လူငယ်လေးက ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်တဲ့ အတွက် လူသုံးဦးရဲ့ မျက်နှာထားက တမျိုးစီပြောင်းသွားတယ်
     
      သူ့ရဲ့ အဖေက စိတ်ပူပန်မှုနဲ့ တွန့်ဆုတ်နေတယ် ၊ သူ့ရဲ့ အဖေတူအမေကွဲ အကို က အနည်းငယ် မျက်မှောင်ကြုတ်နေပြီး မျက်နှာအမူအရာ ကရှုတ်ထွေးနေတယ်
      သူ့မိထွေးရဲ့ မျက်လုံး တွေက နီရဲနေပြီး ချက်ချင်းငိုကြွေးတော့မလို နဲ့  သူမရဲ့ မျက်လုံး တွေထဲက စိတ်သောက​ ကိုမြင်ရတယ်
     
        စိတ်ခံစားချက်တွေအကုန်လုံးက သူမရဲ့ မျက်နှာမှာ ပေါ်လွင်နေတယ်
      
သရုပ်ဆောင်စကေးက နည်းနည်းနောနော  မဟုတ်ဘူးဘဲ သူမကို အော်စကာရုပ်တု တခုလောက် ပေးသင့်တယ်
         သူ့ရဲ့ ကျိုးပဲ့လွယ်တဲ့ ခန္တာကိုယ်ကြောင့်သာ မဟုတ်ရင် သူက သူမကို အော်စကာအဆင့် သရုပ်ဆောင်စကေး အတွက် ထခုန်ပြီး အားပါးတရလက်ခုပ်တီးပေးဦးမှာ
         
        သက်တောင့်သက်သာမရှိတဲ့ တိတ်ဆိတ်မှုကို သူ့အဖေက ဆူပူမှုနဲ့ ဖြိုခွင်းလိုက်တယ်
       
       " မင်းမနေ့တနေ့ကဘဲ ICU ကနေထွက်လာရသေးတယ် မင်းညီမကို မနေ့က မင်း အ​ဝေးကို ပို့လိုက်တယ်  ၊   ဒီနေ့လည်း မင်းကျောင်းပြောင်းဦးမယ်ပေါ့လေ အဲ့လို စုတ်ပြတ်နေတဲ့ နေရာကို မင်းရဲ့လက်ရှိ ကျန်းမာရေး နဲ့ သွားချင်သေးတယ် ကိုယ့်ကိုကိုယ် ဂရုစိုက်စမ်းပါ ဒါမှမဟုတ် မင်းစောစောစီးစီး သေချင်တာလား "
         
       " ရှင် ကလေးကို အဲ့လို ကြမ်းကြမ်းတမ်းတမ်း မပြောပါနဲ့ "

You've reached the end of published parts.

⏰ Last updated: Oct 07, 2022 ⏰

Add this story to your Library to get notified about new parts!

ရောဂါသည်ဗီလိန်လေးက အသက်ရှည်ရှည်နေချင်တယ် ( bl translation)Where stories live. Discover now