ကျူထုံက ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာတဲ့ အလိုလိုက်ခံသခင်လေးတစ်ယောက်၊ သူ့မှာ အသန့်ကြိုက်ရောဂါရှိပြီး ဘုရားသခင်ကသူ့ကို ချောင်းတခါဆိုးရင်သွေးသုံးလုပ်အန်တဲ့အထိ ဆိုးဝါးတဲ့ ရောဂါသည်လေး အဖြစ် မွေးဖွားစေခဲ့တယ်။ သူမသေဆုံးခင် တရက်အလိုမှာ system တခုနဲ့ မထင်မှတ်ဘဲ ချိတ်ဆက် ခံလိုက်ရတယ်။ system ကနေသူသိလိုက်ရတာက သူက ယောကျ်ားလေးချင်း ချစ်ကြိုက်တဲ့ novel ထဲက လူတိုင်းရဲ့နှစ်သက်ခြင်းကိုခံရတဲ့ အဓိကဇာတ်ကောင်ကို အရှက်ခွဲမိလို့ သေဆုံးခဲ့တဲ့ အရန်ဇာတ်ကောင်လေးဆိုတာပဲ။ သူအသက်ရှင်ချင်ရင်တော့ novel ထဲက အဓိကဇာတ်ကောင် ရဲ့ ဆွဲဆောင်မှုကို ဆန့်ကျင်နိုင်တဲ့ တစ်ယောက်သောသူ တနည်းအားဖြင့် အဓိကဇာတ်ကောင် ရဲ့ အချစ်ဦး လရောင်ဖြူ ကို ရှာပြီးမျက်နှာသာ ပေးမှုကို ရယူရမယ် ။ အဲ့ဒီ လရောင်ဖြူကို ရှာဖို့ အတွက် ကျူထုံ ကကျောင်းပြောင်းခဲ့တယ်။ ကျေ