Past4!

195 12 2
                                    

( ၄ )

ဒုန်း ! ဒုန်း ! ဒုန်း !

ဘဲလ်မတပ်ထားတဲ့ ဒါရာရဲ့
အိမ်တံခါးကို ထုနေသည့်အသံက ဒါရာ့ကဲ့
အိပ်ခန်းထဲကနေတောင် ကြားနေရသည်။
ထိုအသံက နစ်ရဲ့ ဆေးအရှိန်မပျယ်သေးတဲ့ဒါရာ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည်။နားကိုခေါင်းအုံးနဲ့ဖိပိတ်ပြီးကုတင်ပေါ်လှိမ့်အိပ်လိုက်သောအခါတွင်တော့ ဆူ​ညံနေသည့်အသံများကတိတ်သွားခဲ့သည်။​အိမ်မှာတစ်ယောက်တည်းရှိနေသည့် ဒါရာမဖွင့်ပေးမချင်း ထိုတံခါးမှာပွင့်မည်မဟုတ်ပေ။

သို့ပေမဲ့ ဒါရာ့ရဲ့ကိုယ်ပိုင်အခန်းတံခါးကိုအဆက်မပြတ်လာထုနေသည့်အသံများက ဒါရာ့ကိုအနှောင့်အယှက်ပေးလေသည်။ထိုအသံများကို ခေါင်းအုံးကလုံအောင်မကာနိုင်တော့ ။ဒေါသထွက်ထွက်ဖြင့် ရှုပ်ပွနေသောဆံတိုဆံပင်များကို ကိုယ်တိုင်ဆောင့်ဆွဲလိုက်သည်။ဦးရေပြားတို့ကျိန်းစပ်ကာ ပူထူသွားမှ လက်ကိုလွှတ်လိုက်သည်။

အခန်းတံခါးကိုဝုန်းခနဲ ဆွဲဖွင့်လိုက်တော့
ရင်းနှီးနေသည့်မျက်နှာ ခပ်ချောချောကသူမရှေ့ကိုပေါ်လာလေ၏။ ခန့်ညားမူတို့ဖြင့် ပြည့်ကာအထက်စီးဆန်သည့်ထိုမျက်နှာမှာ သူမ၏အတန်းပိုင်ဆရာအသစ်မှလွှဲမည်သူဖြစ်နိုင်မည်နည်း။

အတန်းပိုင်ဆရာ၏ မျက်နှာချောချောကိုဖျက်စီးနေသည့် အနာကပ်ပလာစတာ လည်း ရှိနေသည်။ထိုအရာမှာ သူမ၏လက်သည်းဖြင့်ကုတ်ခြစ်မိသွားတာကြောင့် ဖြစ်ခဲ့သောဒဏ်ဖြစ်သည်။

အဲ့ဒါကြောင့်ပြောတာပေါ့။
ဘယ်သူက သူမဆေးသုံးတဲ့ကိစ္စ နဲ့ပတ်သက်ပြီးသူ့ကိုအကျပ်ကိုင်ခိုင်းခဲ့လို့လဲ ။အခုတော့ ဖြစ်ပြီမလား။

" မင်းကျောင်းမတတ်တာ တစ်ပတ်ရှိပြီ "

ဒါရာ့ ထိုသောက်ကောင်ရဲ့
မျက်နှာကိုကုတ်ဖဲ့ပြီး ကျောင်းကနေပြေးထွက်သွားခဲ့သည့်နေ့မှစ၍ ကျောင်းမတတ်တော့သည်မှာအခုအချိန်ထိဖြစ်သည်။

" ငါ့အခန်း ရှေ့ကနေသာလစ်လိုက်စမ်းပါ"

အိမ်ထဲကိုဘယ်လိုဝင်လာလဲ ဒါရာ မမေးတော့ ။ထိုအစားထွက်သွားဖို့ကိုသာပြောလိုက်သည်။

သူ ပြန်လာပြီ !!Where stories live. Discover now