ကျောင်းထွက်လိုက်သည်။
ခရိုးသည်လည်း အလုပ်ထွက်လိုက်သည်။
အကြောင်းအရင်းကိုလာမေးသူများရှိလျှင်လည်း ခရိုးသည်အမှန်အတိုင်းပြန်ဖြေသည်။
ခရိုးသည် သူမကိုဆေးပြတ်အောင်လုပ်လိုက်နိုင်ပြီးကတည်းက မြို့ထဲက
လူတွေအားလုံးခရိုးက သူမကိုထိန်းကျောင်းနိုင်မည်ဆိုတာကို ယုံကြည်လာကြသည်။ခရိုးအလုပ်မှထွက်ကာသူမအားသင်ကြားပေးသည်ကိုလည်း ခရိုးဟာစိတ်ကောင်းရှိလွန်းလို့ဤသို့လုပ်ရတာပါဆိုပြီးတော့ ခရိုးကိုချီးမွှမ်းကြလေသည်။ခရိုးနှင့်သူမသည် အချိန်တိုင်းလိုလိုအမြဲအတူရှိလာခဲ့သည်။မနက်ဆိုလျှင် ခရိုးသည် သူမအားအရသာရှိသည့်မနက်စာလုပ်ကျွေးမည်။ပြီးနောက် သူမရဲ့အနက်ရောင်ဆံပင်အား ဘီးဖြင့်ညင်သာစွာဖြီးသင်ပေးမည်။သူမကို စာသင်ပေးမည်။သူမစားချင်တာကို လုပ်ကျွေးမည်။ ညနေပိုင်းဆို ဒေါ့ကီနှင့်အတူ ခြံထဲလမ်းလျှောက်ထွက်မည်။
ဒေါ့ကီသည် ခရိုးနားသိပ်မကပ်။
ခရိုးသူ့အနားကပ်လာရင်လည်း ဒေါ့ကီကမကြိုက်ပေ။ ခရိုးကဒေါ့ကီကို သိပ်မကြင်နာတာကြောင့်ဖြစ်မည်။ ခရိုးသည် တိရစ္ဆာန်များကိုမချစ်တတ်ပေ။ ' လူမဟုတ်တာတောင် လူထက်လူရာဝင်ချင်နေတယ် ' လို့ ဒေါ့ကီကိုတစ်ခါပြောဖူးသည်။ခရိုးသည် သူ၏စိတ်ရှည်သည်းခံနိုင်မူများစွာကို သူမတစ်ယောက်တည်းကိုပေးထားသကဲ့သို့ခံစားရသည်။ ဤနည်းဖြင့် သူမကိုသူမ ထူးခြားသည်ဟု ထင်လာရသည်။
ခရိုးသင်ကြားပေးရင်းမှ သူမရဲ့စာကိုနားလည်လာနိုင်စွမ်းသည် ယခင်ကထက်ပိုပြီးမြင့်လာသလို ခံစားရသည်။
ခရိုး၏ကွန်ပြူတာစခရင်ထက်တွင် ပေါ်လာသောပုံရိပ်သည် သူမကို အနားသို့ကပ်သည့်အထိကြည့်မိအောင်ဆွဲဆောင်နေသည်။ မြူးကြွသည့် နောက်ခံတေးသီချင်း။ရောင်စုံမီးများနှင့် စုံလင်လှသည့် ကစားစရာများ။ က
စားကွင်းစဖွင့်မည့် ပထမဆုံးရက်ဖြစ်တာကြောင့် အဲ့ဒီ့နေ့မှာလာတဲ့လူများကို ဝင်ခွင့် ၃၀ ရာခိုင်နှုန်းလျှော့ပေးမည်ဖြစ်ကြောင်း ကိုလည်းအဆုံးတွင် ထည့်ထားသေးသည်။
ဤသည်မှာ ဗီဒီယိုအတိုလေးဖြစ်သည်။