Under The MoonLight (17)

2.7K 312 22
                                    


" ရှုံးနှိမ့်တယ်ဆိုတဲ့ခံစားချက်ကအတော်ကိုခါးသပ်သပ်ရယ်ပါ

တစ်ခြားသူဆီမှာထက် ဂျောင်ဟယ်ယွန်းဆီမှာရှုံးတယ်ဆိုတာသူ့အတွက်အတော်ကိုခံပျင်းဖို့ကောင်းတယ်

တွေးလေ လေဒေါသထွက်လေမလို့ လက်ထဲကဖိတ်စာကလဲကြေမွလုလု

အရာရာစိတ်ပျက်စရာကောင်းနေသည့်အထဲ ဒေါသနဲ့မျက်ရည် ယဥ်တွဲလာတာဟာ သူ့အတွက်တော့စိတ်ပျက်စရာအကောင်းဆုံးတစ်ခုဖြစ်သည်။

ဒေါသထွက်ရင် အလိုလိုဝမ်းနည်းလာတဲ့သူ့စိတ်က ပျော့ညံ့လိုက်ပုံများ

ဒီအချိန်အတွက်ကြိုတင်ပြင်ဆင်ထားပါရက်နဲ့ သူဟာဂျောင်ဟယ်ယွန်းနဲ့ထပ်တိုက်ဆုံတိုင်းရှုံးနိမ့်သည်သတဲ့လား

မုန်းစရာကောင်းလွန်းလို့ဝဲနေတဲ့မျက်ရည်တွေကိုတောင်ကျဆင်းခွင့်မပေးဘူး ဒီမိန်းမကြောင့်ငါမျက်ရည်ကျမယ်ဆိုရင် အရင်ကအတိုင်းဘဲဖြစ်နေမှာ။
.
.
.
.
" ပတ်ဂျီမင်....မင်းအိမ်ပြန်လာပြီလား "
.
.
.
" အော..ပြန်လာပြီလေ ။ ငါတို့လမ်းထဲတောင်ရောက်တော့မယ်ဘာဖြစ်လို့လဲ "
.
.
.
" ငါလမ်းထိပ်မှာစောင့်နေမယ် လမ်းဆက်မလျှောက်ချင်တော့လို့မင်းနဲ့အတူအိမ်ပြန်ကြတာပေါ့ "
.
.
.
" ငါမရှိတုန်းအပြင်လျှောက်သွားနေတာလား ထယ်ယောင်း ?......မင်းနေမကောင်းတဲ့အပြင်ဒီနေ့ကလပြည့်ညလေ ရူးသွားပြီလားအားပြတ်ပြီးသေချင်နေတာလားကင်ထယ်ယောင်း! "
.
.
.
.
စိတ်ပူတာကိုအကြောင်းပြုပြီး သူ့ကိုနင်းကန်ဆူတော့မဲ့ဂျီမင်းအကြောင်းကိုနောကျေစွာ ဖုန်းကိုအရင်ဦးအောင်ချလိုက်သည်။

ဆက်နားထောင်နေရင် သူ့အသံကြောင့်နားပါကန်းနိုင်ချေရှိတယ်လေ။
.
.
အရင်ကတည်းက သူ့မှာခပ်ဂျစ်ဂျစ်ညင်ဆိုလေးတစ်ခုရှိတယ် ။ စိတ်အလိုမကျရင်ဘဲဖြစ်ဖြစ် သူမလုပ်ချင်တာခိုင်းရင်ဘဲဖြစ်ဖြစ် စိတ်ကောက်ကာထိုနေရာမှာတင်ထိုင်ချတက်တယ်

ထိုအကျင့်က ထူးထူးဆန်းဆန်းဘဲ ပတ်ဂျီမင်နဲ့ကျမှစပေါ်လာတာဖြစ်သည်။ ပတ်ဂျီမင်ကအရမ်းဆူလို့ သူစိတ်ကောက်ပြီးခြံထဲမှာထိုင်ချခဲ့တာလေးကိုသူမှတ်မိသေးတယ် ဘာရယ်မဟုတ်ဘူးနားအရမ်းပူလာလို့စိတ်ရှုပ်ပြီးအဲ့လိုလုပ်လိုက်တာ
ပတ်ဂျီမင်းကတော့သူ့ကိုကလေးပေါက်စလို့ဆိုပြီးမြေပေါ်မှာထိုင်ချနေတဲ့ပုံလေးကိုဓာတ်ပုံတွေမရေမတွက်နိုင်အောင်ရိုက်ခဲ့သေး။

Under The MoonLight ( Completed ) حيث تعيش القصص. اكتشف الآن