The whole episode is written in Wonu's POV
-🍥-
ကိုယ်တို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းတွေက ဖန်တီးထားခြင်းမရှိဘဲ အလိုအလျောက်ဖြစ်လာခဲ့တာမို့ ကိုယ်ကတော့ ကံကြမ္မာလို့ သတ်မှတ်တယ် အငယ်...
ကျိန်းသေပေါက် ကိုယ်တို့က ပေါင်းဖက်ရမှာ...
တစ်နေ့မှာပေါ့ ကိုယ်က အငယ့်အပိုင်ဖြစ်ပြီး အငယ်ကလည်း ကိုယ့်ရဲ့အပိုင်ဖြစ်လာမှာ...။-🍥-
နွေဦးကာလရဲ့ နေ့တစ်နေ့။
ခပ်ဖျော့ဖျော့နေအလင်းရောင်က မှန်ချပ်တွေကနေတစ်ဆင့် စာအုပ်ဆိုင်အတွင်း လည်ပတ်လို့။ စာအုပ်အဟောင်းဆိုင်ဖြစ်တဲ့အလျောက် စာအုပ်တွေရဲ့ အငွေ့အသက်ကလည်း လွှမ်းခြုံလို့နေရဲ့။
ရှပ်အင်္ကျီအဖြူလက်ရှည်ကို ကြယ်သီးဖြုတ်ပြီး တံတားဆစ်နားထိခေါက်တင်ထားသူ၏ အာရုံအစုံက လက်ထဲက စာအုပ်တွင်သာ။ ထိုင်ခုံဆီပြန်သွားပြီးမဖတ်နိုင်လောက်သည်အထိ စာအုပ်က ဆွဲဆောင်လွန်းနေသည်တော့လည်းမဟုတ်။ သို့ပေငြား လောလောဆယ်မှာတော့ ဒီနေရာကနေ သူဘယ်ကိုမှမရွှေ့ချင်။ အနောက်က နံရံကို ခပ်ဖြေးဖြေးမှီရင်း စာအုပ်ဆိုင်၏အငွေ့အသက်ကို ခံစားနေမိ၏။
ကံကြမ္မာက စီစဉ်ပေးထားတဲ့ တွေ့ဆုံမှုတစ်ခုကလည်း အလိုအလျောက်ဖြစ်လာခဲ့သည်လေ။
စာအုပ်၌သာ အာရုံငြိတွယ်နေသူက ရုတ်တရက်မျက်နှာချင်းဆိုင်စင်မှ အောက်သို့ပြုတ်ကျလာသော စာအုပ်တွေကို သတိမမူမိခဲ့။ သူသတိမူခဲ့မိလိုက်သည်က အရှေ့တွင်လာပိတ်ရပ်နေသော ရင်ခွင်ကျယ်ကိုသာ။စာအုပ်ထောင့်စောင်းတွေက ကျောကိုတိုက်ခိုက်တဲ့အခါ တစ်ဖက်လူရဲ့ မျက်ခုံးတန်းတွေက မတင်းမမာ ကျုံ့လို့။ ခပ်တွေတွေလေးငေးကြည့်နေခဲ့မိသည်က သတိလက်လွက်စွာ။ 6' ဆိုတဲ့သူ့အရပ်က စံချိန်မှီဆိုပေမယ့် တစ်ဖက်လူနဲ့ယှဉ်လိုက်တော့ သူက ခပ်သေးသေးရယ်။ တစ်ဖက်လူရဲ့မျက်ဝန်းတွေနဲ့ ခလုတ်တိုက်မိလိုက်တဲ့အခါ ကျဉ်းကျပ်နေတဲ့အခြေအနေနဲ့ စာအုပ်တွေကဖုန်တွေကြောင့် အသက်ရှူရခက်လာသယောင်။