The whole episode is written in Mingyu's POV
-🍥-
လူတိုင်းက သူတို့ဘဝသက်တမ်းရဲ့ အချိန်တစ်ခုမှာ အချစ်ကို ပုံစံမျိုးစုံနဲ့ ထိတွေ့တတ်ကြတယ်။
သူ့အတွက်တော့ အချစ်ဆိုတာ ခဏတာအလည်လာတဲ့ မိုးပြေးလေးလိုပေါ့။
ရုတ်တရက်ရောက်လာပြီး ရုတ်တရက်ပဲ ပျောက်ကွယ်သွားခဲ့တယ်။
အရိပ်အယောင်လေးတောင်မချန်ခဲ့ဘဲလေ။
တစ်ခုပေါ့… မိုးစက်တွေက အချစ်သစ်ပင်လေးကိုစိုက်ပျိုးခဲ့ပြီး စောင့်မျှော်ခြင်းဆိုတဲ့ ပန်းပွင့်လေးကိုဖြစ်တည်စေခဲ့ရဲ့။-🍥-
လမ်းမပေါ်မှာ အညိုရောင်သစ်ရွက်တွေ ပြန့်ကျဲ့နေတဲ့ နေ့တစ်နေ့။
ဆယ်ကျော်သက်ဆိုတဲ့အရွယ်ကနေ ထိပ်စီးပြောင်းဖို့ သုံးလပဲလိုတော့တဲ့အချိန်ဆိုပေမဲ့ သူကအခုထိ ဦးတည်ရာမရှိ။ မနက်ဖြန်တွေကို ကြိုတင်စီစဉ်ထားပြီး စီစဉ်သလို ဖြစ်မလာတဲ့အခါမှာ ဝမ်းနည်းရမှာကိုမလိုလားတာမို့ သူက ပစ္စပ္ပုန်မှာပဲ ရှင်သန်တဲ့လူ။
အချစ်နဲ့ မတွေ့ခင်အထိပေါ့။
ဒီနေ့အတွက်အစီအစဉ်ကတော့ မိဘမဲ့ဂေဟာမှာ လုပ်အားပေးရန်။ ဂျင်းဘောင်းဘီနဲ့ မီးခိုးရောင်အင်္ကျီကိုတွဲဖက်ဝတ်ဆင်လိုက်ပြီး ထုံးစံအတိုင်း ကင်မရာကို လွယ်ပြီး ထွက်လာခဲ့၏။
“ ငါတို့ ဒီမှာ Kim Mingyu ”
တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေမလားဆိုတဲ့အတွေးက Soonyoung ရဲ့ခေါ်သံအောက်မှာ ပျောက်ကွယ်လို့သွားတာမို့ လက်လှမ်းပြရင်း ခြေလှမ်းကိုပိုသွက်လိုက်၏။
အနားရောက်တော့ Soonyoung အပြင် မရင်းနှီးသော မျက်နှာလေးငါးခု။“ သူတို့က ဒီမှာအပတ်တိုင်းလုပ်အားပေးနေကြလူတွေ ”
“ အော်… ”
အသံကိုအနည်းငယ်ဖိဆွဲကာပြောရင်း မျက်နှာတွေကို နောက်ထပ်တစ်ဖန်ထပ်ကြည့်မိ၏။ ထိုအချိန်အထိ အရာအားလုံးက ထူးခြားမှုမရှိခဲ့။
“ ငါကပဲ မိတ်ဆက်ပေးလိုက်မယ်။ သူက Kim Mingyu… ”
“ ဟိုင်း ငါက Lee Seokmin ”
![](https://img.wattpad.com/cover/323293546-288-k694572.jpg)