Part 11

4.4K 205 1
                                    

ခွန်တစ်ယောက်..စေ့စပ်ပြီးတဲ့နေ့ကတည်းက ကုမ္ပဏီအလုပ်တွေကြိုးစားပြီးနေ့မနား..ညမနားလုပ်ခဲ့တာ...တစ်လကျော်သွားပြီ Khun Groupရဲ့လုပ်ငန်းတွေက ဆောက်လုပ်ရေးနှင့်ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ကုမ္ပဏီဖြစ့်တယ်..Khun Groupလက်အောက်ကဆေးရုံတွေလည်းရှိတယ်

"အစ်မရေ...ဒီနေ့အတွက်..ဘယ်ဆောက်လုပ်ရေးဆိုဒ်ကို သွားရမှာလဲ..ကျွန်တော့်ကိုတချက်လောက်ပြောပေးပါအုံး"

"သန်လျင်ဘက်ကဆောက်လုပ်ရေးဆိုဒ်ကိုသွားရမှာ MD"

"ဟုတ်ကဲ့..အဲဒါဆိုကျွန်တော်..အပြင်သွားရင်းနဲ့တခါတည်းသွားလိုက်မယ်"

"ကျွန်တော်ပန်းစည်းနဲ့Postcardပို့ခိုင်းထားတဲ့deliveryရော..သွားပို့ပြီလား"

"သွားတာတော့ကြာပြီ..အခုလောက်ဆိုရောက်လောက်ပြီ"

"ဟုတ်ကဲ့ပါ..အစ်မ"

"ပန်းစည်းက..MDဇနီးလောင်းစိတ်ကောက်နေလို့..ချော့တာလား"

"ဟုတ်တယ်ဗျ...သူ့ကိုပစ်ထားတာ..တစ်လလောက်ရှိပြီ"

"MDကလည်းအဲ့လိုပစ်မထားနဲ့လေ...တော်ကြာ ပစ်ထားပါများရင်MDအပေါ်စိတ်ကုန်သွားလိမ့်မယ်"

"ဟုတ်. အစ်မ"  အတွင်းရေးမှူးအစ်မပြောတာမှန်တယ်.. ငါပစ်ထားတာလည်းတော်တော်များနေပြီ.. မ က ငါ့ကိုချစ်လို့သာ..ခွင့်လွှတ်ပေးနေတာ

..........................

စုလဲ့တစ်​ယောက်ဆေးရုံမှာ လူနာroundပြီးနောက်..သူနာပြုဆရာမလေးက

"ဒေါက်တာ..Khun Groupက MDလွှတ်လိုက်လို့ဆိုပြီး ကောင်မလေးတစ်ယောက်စောင့်နေတယ်"

"ဟုတ်လား..အစ်မအခုသွားလိုက်မယ်" မောင်လွှတ်လိုက်တာဆိုတော့..ကိုယ်လည်းအမြန်သွားလိုက်တယ်

"ဖြေးဖြေးသွားပါ ဒေါက်တာရယ် ဘာလဲ ဒေါက်တာခင်ပွန်းလောင်းလွှတ်လိုက်တာလား"

"ဟုတ်တယ်😁😁"လို့ရယ်ပြီးပြောလိုက်တော့..ဆရာမလေးကကိုယ့်ကိုကြည့်ပြီးသဘောတွေကျနေတယ်

ကိုယ့်အခန်းရှေ့ရောက်တော့

"ဒေါက်တာ့ကို.. Khun Group MDက ပန်းစည်းလာပို့ခိုင်းလို့ပါ"

မောင့်ရဲ့မဟေသီWhere stories live. Discover now