အခန်း ၉ -၂

197 28 1
                                    

အခန်း (၉ ) အပိုင်း ၂

အမေချန်က မျက်ရည်တွေကျလာပြီး စိတ်ထဲမှာ နူးညံသွားတယ်။ ဆယ်နှစ်လောက် စကားများကြပေမဲ့ သားကသူ့ကို အမေအဖြစ် စဥ်းစားပေးသေးတယ်လို့ ခံစားရတယ်။ လောကမှာ ဘာကမှ သားအရင်းလောက် မကောင်းဘူး။ ဘာမောင်လေးတွေတူတွေ ဘေးဖယ်လိုက်။ သူမအရင်က တကယ့်ကို စိတ်ရှုပ်ထွေးနေတာပဲ။ သူမက တုံအိမ်သားအဖ အတွက်နဲ့ ထပ်ပြီးသားရဲ့ စိတ်ကို နာကျင်အောင်လုပ်လို့ မဖြစ်တော့ဘူး။ တုံလုက ပါးနပ်စွာနဲ့ ခံစားမိပြီး အမြန်ကျယ်လောင်စွာ ဝင်ပြောလိုက်တယ်။

''ဂုဏ်ပြုပါတယ် ဒေါ်လေး။ ဝမ်းသာပါတယ် ဒေါ်လေး။ နောင်ဆိုရင် အဆုံးမရှိတဲ့ ပျော်ရွှင်မှုကို ခံစားရတော့မယ်´´

စားပွဲမှာ ရှိတဲ့သူတွေ အကုန်လုံး ထပြီး ဂုဏ်ပြုလိုက်တယ်။ တုံရုံးက သေချာနားမလည်သေးဘူး။ ဒါပေမဲ့ ဦးလေးတုံက အခြေအနေက ပြီးဆုံးသွားပြီမှန်း သိတယ်။ တူလေးက သူ့အမကို သူနဲ့ခွဲဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ကို ထပ်ပြီး အခွင့်ရေးယူဖို့  ခွင့်ပြုမှာ မဟုတ်တော့ဘူး။ သခင်မကယ်ကလည်း ပြုံးပြီးပြောလိုက်တယ်။

''ဘေးအိမ်ကို သွားတဲ့အကြိမ်တိုင်း ကျွန်မစိတ်ထဲမှာ အရမ်းသဘောကျခဲ့တယ်´´

'' တစ်နေ့မှာတော့ သွားနေရလိမ့်မယ်လို့ တကယ်ထင်မထားဘူး´´

ချန်ရှီက မျက်လုံးကို လှန်လိုက်ပြီး စိတ်ထဲမှာ မနှစ်သက်တဲ့ အသံနဲ့ ပြောလိုက်တယ်။

''ခယ်မက သွားစရာမလိုဘူး။ မင်းအခုနေတဲ့ အခန်းက မင်းအတွက် ကောင်းတယ်လို့ မပြောဘူးလား´´

''မင်းကောင်းကောင်းသာနေပါ။ ဘယ်သူမှလာပြီး မင်းရဲ့သားဓာတ်ကို အနှောင့်အယှက် မပေးဘူး´´

ချန်ရှောက်ရှန်းက ဗိုက်ထဲမှာ ရယ်ရလွန်းလို့ မရတော့ဘူး။ ရှင်က အခြားသူရဲ့ ယောကျာ်းကို ဝမ့်အိမ်မှာ စိတ်ကြိုက် နေရာရွေးခိုင်းပြီး မိန်းမကိုတော့ မပြောင်းခိုင်းဘူး။ ဒါဆို ကယ်အိမ်က မိန်းမက ဘယ်လိုလုပ်ပြီး သားမွေးရမှာလဲ။

သခင်မကယ် မျက်နှာက ခရမ်းရောင် ဖြစ်သွားပြီး တစ်ခဏကြာ သီးသွားတယ်။ လင်မယားနှစ်ယောက်က အခန်းမတူပဲ ဘယ်လိုလုပ်ပြီး ကလေးမွေးရမှာလဲလို့ ပြောလိုက်ချင်တယ်။ ဒါပေမဲ့ အရမ်းရှက်ပြီး ရှင်..ရှင်..ရှင် ဆိုပြီးတော့ပဲ ထစ်ထစ်အအ ထွက်လာတယ်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now