'လူတွေ သေဆုံးပြီးရင် ဘာခံစားချက်မှ ရှိတော့မှာ မဟုတ်ဘူး' လို့ ကျွန်တော် ထင်ခဲ့တယ် ။
တကယ်လို့ ရှိခဲ့တယ် ဆိုရင် သူတို့ရဲ့ အလွန် အစွဲအလမ်းကြီးစိတ်ကြောင့်ပဲ ။ သူတို့ရဲ့ ခါးသီးလှတဲ့ မကျေနပ်နိုင်တဲ့ ခံစားချက်တွေ ၊ ထွက်ခွာလိုစိတ် မရှိတာတွေကြောင့်ပဲ ။
သူတို့ဟာ နောက်ဆုံးမှာ သရဲ တစ္ဆေတွေဖြစ်လာကြတယ် ။ ခြေဦးတည့်ရာ လျှောက်သွားကြတယ် ။
ခုပဲ ကြည့်လိုက်စမ်းပါ ။ ဒီဖြစ်စဥ်နဲ့မတူဘူးလား ။
ကျွန်တော်ဟာ သေသွားခဲ့ပြီ ။
ကျွန်တော် ကိုယ့်လက်ကောက်ဝတ်ကို ကိုယ်ဖြတ်ပြီး သတ်သေမှုတစ်ခုကို ကျူးလွန်လိုက်ပြီ ။
ကျွန်တော် သေဆုံးချိန်မှာ ဘာကိုမှ စွဲလမ်းစိတ် မထားခဲ့ဘူး ။ မသေချင်သေးဘူးဆိုတဲ့စိတ်လည်း မဖြစ်မိဘူး ။
ကျွန်တော် သိတာက နောက်ထပ် ဘဝရဲ့အဓိပ္ပါယ်ဆိုတဲ့အရာ မရှိနိုင်တော့တာကိုပေါ့ ။
လူတစ်ယောက်ဟာ စိတ်ပျက်ခြင်း level စိတ်အားငယ်ခြင်း level တစ်ခုလောက် ရောက်ပြီဆိုရင် သေခြင်းတရားဟာလည်း ကြောက်ဖို့ မကောင်းတော့ဘူး ။
ကျွန်တော် သတိထားမိတဲ့ တစ်ခုတည်းသောအရာက လက်ကောက်ဝတ် ဒဏ်ရာတွေ ရေခဲသမျှရေတွေ စီးနေတယ်ဆိုတာပဲ ။ ပြီးတော့ တည်ငြိမ်နေတဲ့ ရေကန်ရဲ့ရေဟာ ပန်းရောင်ပြောင်းလာတယ် ။ နောက်တော့ အနီရောင် တောက်တောက်ကို ပြောင်စလဲသွားတယ် ။ ပြီးနောက်မှာ ကျွန်တော့မျက်လုံးတွေကို မှိတ်ချလိုက်တယ် ။
နောက်ဆုံးတော့ ငျွန်တော် အရာအားလုံးကို လွှတ်ချခဲ့ပြီ ။
နောက်ဆုံးတော့ ကျွန်တော် သူ့ကို စွန့်လွှတ်လိုက်ပြီ ။
ခုချိန်မှာ ငါ မင်းကို ထွက်သွားခွင့်ပြုလိုက်ပြီ ။
ငါ့ ရင်ထဲ အသည်းထဲကနေ မင်းပျော်ရွှင်မှုကို ရှာတွေ့ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ။ကျွန်တော် နောက်တစ်ခါ နိုးထလာဖို့ မမျှော်လင့်ခဲ့ဘူး ။ ''နိုးထ'တယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဟာ ခုချိန် မရှိတော့ဘူး ။ ဘယ်လိုပြောရမလဲ ။ ကျွန်တော် အလင်းရောင်ကို နောက်ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူးပေါ့ ။ မြင်မြင်သမျှဟာ ဝေဝါးနေတယ် ။ အသိစိတ်တွေကလည်း ထွေပြားနေတယ် ။ ဒီခု ကျွန်တော် သတိထားမိတာက ကျွန်တော့ကိုယ်ဟာ ပေါ့ပါးနေတယ် ။ ကျွန်တော် ပူခြင်းအေးခြင်းကို မခံစားမိဘူး ။ နာကျင်မှုတွေ ဝမ်းနည်းမှုတွေကိုလည်း မခံစားရဘူး ။ ကျွန်တော်ဟာ ရေပေါ်မှာ ပေါ်နေပြီး ဘေးပတ်ဝန်းကျင်ဟယလည်း ှောင်မဲ တိတ်ဆိတ်နေတယ် ။
YOU ARE READING
အတ္တနှောသော ချစ်ခြင်းတရား
Romanceနာမည်ကြီး ခွေးသွေး အကြီးစားတစ်ပုဒ်ပါ... အညွှန်းကတော့ လောင်ရပါမယ်.. မူရင်း အော်သာက orange rain ပါ အရင်အကောင့်မှာ တင်ဖူးပေမယ့် အကောင့်ပျက်သွားလို့ ခုမှ ပြန်တင်တာပါ