3.နွေလေရူး

121 17 0
                                    

Xia Ming Xiu က အိမ်ကို မိုးစုန်းစုန်းချုပ်မှ ပြန်ရောက်ပြီး လက်ထဲမှာလည်း ညစာတွေ သယ်လာခဲ့တယ် ။

Xia Ming Xiu နဲ့ ကျွန်တော့်ကြား ကွာခြားချက်တွေကို ရက်အတော်ကြာ သုတေသန ပြုပြီးသည့်နောက်မှာ အဓိက အချက်ကို ရှာတွေ့ခဲ့တယ် ။ သူ့ရဲ့ မချက်တတ်မပြုတ်တတ် ဟင်းတွေနဲ့ စားချင်ဖွယ်မရှိတဲ့ လက်ရာတွေက လွဲရင် သူ့ရဲ့ လက္ခဏာသွင်ပြင်က ကျွန်တောနဲ့ အရာရာ ကွာခြားလွန်းတယ် ။

ထို့ပြင်  ပုံစံအနေအထားနဲ့ ခံစားချက်တွေမှာ Xia Ming Xiu က နိုင်ပါတယ်လေ ။ ဘာလို့ဆို သူနဲ့ Luo Yuchen ဟာ ခြေလှမ်းတိုင်းမှာ စည်းချက်ညီစွာ ရှိနေခဲ့ကြလို့ပဲ ။ သူ့မှာ ကျွန်တော့တုန်းက Luo Yuchen ရဲ့ တုံ့ပြန်မှုမျိုးတွေ မရှိဘူး ။ ပြီးတော့ Xia Ming Xiu ဟာ Luo Yuchen ရဲ့ အမိန့်အတိုင်း သတွေမသိမ်း လုပ်လုပ်မယ့်ပုံလဲ မပေါ်ဘူး ။

ကမ္ဘာပေါ်က လူတိုင်း မတူညီကြတာကို ကျွန်တော် မခံမရပ်နိုင်ဖြစ်မိတယ် ။ Xia Ming Xiu က နိမ့်ချတယ်ဆိုတာလည်း မဟုတ်သလို မာနကြီးတာမျိုးလည်း မဟုတ်ဘူး ။ သူက ဘယ်သူ့ကိုမှ မမှီခိုဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ လူမျိုးပဲ ။ ကျွန်တော် သူ့ဆီကနေ သင်ယူသင့်တယ်လို့ ခံစားရတယ် ။

သဘောတရားတခုအနေနဲ့ ...မင့်အပိုင်ဆိုတဲ့အရာက မင့်အပိုင်ပဲ ဖြစ်လိမ့်မယ် ။ တကယ်လို့ မင့်အပိုင် မဟုတ်တဲ့အရာကို မင်း ဘယ်လောက်ပဲ တောင်းဆိုနေပါစေ ပိုင်ဆိုင်ရလိမ့်မှာ မဟုတ်ဘူး ဆိုသလိုပေါ့ ။ ဒါနဲ့ မင်းပိုင်ဆိုင်ရလို့ လေထွား မနေသင့်သလို မပိုင်ဆိုင်ရလို့လည်း ကိုယ့်ကိုယ်ကို နိမ့်ကျတဲ့သူလို့လဲ သတ်မှတ်စရာ မလိုဘူးလေ ။

Xia Ming Xiu က Luo Yuchen ကို သဘောကျတယ် ဆိုပေမယ့် Luo Yuchen မှ မရှိရင် ဘဝကို ဆက်မလျှောက်လှမ်းနိုင်တော့ဘူးဆိုတဲ့ ပုံစံလည်း မပေါ်ဘူး ။ ဒါကြောင့်ပဲ Luo Yuchen က သူ့အပေါ် ကြင်သာ နေရတာလေ ။ မဟုတ်ရင် Xia Ming Xiu သူ့ကို ဆက်ပြီး သဘောကျဖို့ရာ အာမ မခံနိုင်ဘူး ။ဒါက သူ့ဆီမှာပဲ လုံးဝကြီး ခြေချုပ်မိနေတဲ့ ကျွန်တော်နဲ့ သူ့ရဲ့ ကွာခြားချက်ပဲ ။

Xia Ming Xiu က ကမ္ဘာပေါ်မှာ ကျွန်တော် တွေ့ဖူးသမျှတွေထဲ အပြည့်စုံဆုံးပဲ ။ သူ့ ပုံစံက အမျိုးမျိုး ပြောင်းလဲနေပြီး သူ့မှာ ရွှေရောင်နှလုံးသား ပိုင်ဆိုင်ထားတယ် ။ သူ့ နေပုံထိုင်ပုံတွေကလည်း သင့်တော်တယ် ။သူ့စိတ်အခြေအနေသာယာနေတဲ့အခါ ဘုရားရှင်ဖန်တီးပေးခဲ့တာလားလို့ လူတွေ မတွေးပဲ မနေနိုင်ဘူး ။

အတ္တနှောသော ချစ်ခြင်းတရားWhere stories live. Discover now