(5)

919 146 9
                                    

Unicode

ယွဲ့ယွဲ့ကတစ်ဖြည်းဖြည်းနှင့်ယဲ့ချီယောင်၏အကျင့်စရိုက်တွေကူးစပ်လာ၍ထင်သည်။ယခုတစ်ခါနောက်ထပ်သိုင်းဝိဥာဥ်တစ်ခုပေါ်ပေါက်လာသည့်အခါတွင်၎င်းကိုခံစားချက်မဲ့စွာစိုက်ကြည့်နေလိုက်သည်။

သူ့မှာအံ့ဩရပါများလွန်းလို့ထပ်မံအံဩရန်ပျင်းရိလာသလိုတောင်ခံစားရသည်။

"ဒါကရောဘာလဲဆိုတာသခင်သိလား..."

သို့ပေမယ့်အံ့အားသင့်ဖို့ကောင်းစွာပင်'ကိုမျက်နှာသေ'ယဲ့ချီယောင်ကမျက်မှောင်ကြုတ်လျက်အနက်ရောင်တွင်းနက်ကြီးကိုစိုက်ကြည့်နေသည်။ယွဲ့ယွဲ့အတွက်တော့ပထမဆုံးအကြိမ်ယဲ့ချီယောင်၏မျက်နှာပေါ်၌ခံစားချက်တစ်စုံတရာကိုမြင်ဖူးခြင်းဖြစ်သည်။

"ငါမသိဘူး"

"....."

ယွဲ့ယွဲ့မှာအံ့အားသင့်သွားသည့်မျက်လုံးလှလှလေးတွေဖြင့်ယဲ့ချီယောင်ကိုကြည့်လိုက်မိသည်။

"ငါတကယ်ဒီသိုင်းဝိဥာဥ်ကိုမသိဘူး....သူကထောင်ထျဲသားရဲ ရဲ့ဝါးမျိုနိုင်စွမ်းနဲ့ဆင်တူပေမယ့်လုံးဝလည်းကွဲပြားနေတယ်.....ကြည့်ရတာမင်းတဲ့ထူးခြားတဲ့စိတ်ဝိဥာဥ်ကြောင့်ပေါ်ပေါက်လာတဲ့သိုင်းဝိဥာဥ်ဖြစ်နိုင်တယ်"

"ကျွန်တော့်စိတ်ဝိဥာဥ်ကြောင့်လား...."

"အင်း....ဒါကိုလောလောဆည်တော့ဘယ်လိုအသုံးဝင်လည်းမသိသေးဘူး...."

ယွဲ့ယွဲ့ကခေါင်းတစ်ဆတ်ဆတ်ငြှိမ့်ရင်းယဲ့ချီယောင်၏ကျိုးကြောင်းဆီလျော်တဲ့စကားကိုထောက်ခံလိုက်သည်။

"မင်းစကျင့်ကြံလို့ရပြီ....မင်းရဲ့သိုင်းဝိဥာဥ်တွေကိုအပြင်ဘက်ထုတ်ဖော်ပြီးလေထုထဲမှာရှိတဲ့ဝိဥာဥ်စွမ်းအင်အမျိုးမျိုးကိုအာရုံစိုက်...."

ယွဲ့ယွဲ့ကနည်းနည်းလေးတောင်မတုံ့ဆိုင်းရဲပါပဲထိုင်ချလိုက်ပြီးသူ့ရဲ့မျက်လုံးတွေကိုမှေးမှိတ်၍သခင်ဖြစ်သူလမ်းညွှန်သည့်အတိုင်းလိုက်နာလိုက်သည်။

သူစိတ်တိုင်းကျအလိုရှိလိုက်သည်နှင့်နောက်ကျောဘက်တွင်သဘာဝတရားကြီးကိုတောင်ဆန့်ကျင်ဖိနှိပ်နိုင်သည့်သိုင်းဝိဥာဥ်လေးမျိုးပေါ်ပေါက်လာ၏။

"ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်"Where stories live. Discover now