1. Trip or Trick

2.7K 137 40
                                    

(Zawgyi)

ညနေပိုင်းနေဝင်ပြီးခါစ အဝေးပြေးလမ်းမပေါ်မှာ ကားတစ်စီးတရိပ်ရိပ်နဲ့ပြေးနေတယ်...။ ကားမောင်းသူအပါအဝင် ကားပေါ်ပါလာတဲ့သူတွေအားလုံးက တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားတွေဖြစ်ကြတယ်...။ ရှေးဟောင်းသုတေသီ ဘာသာရပ်ကို အထူးပြုသင်ကြားထားတဲ့ သူတို့၆ယောက်သည် ယခုလည်းသူတို့ပြုစုမယ့် စာတန်းအတွက် လေ့လာရေးခရီးထွက်လာကြတာဖြစ်တယ်...။

ထိုကျောင်းသား၆ယောက်ကတော့......

●●●Kim Taehyung●●●
သူကတော့ အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဖြစ်ပြီး နယ်မြေသစ်တွေစူးစမ်းလေ့လာရတာနဲ့ သမိုင်းကြောင်းတွေကို ရှာဖွေစုဆောင်းရတာကို တော်တော်လေးဝါသနာပါတယ်...။ ကြည့်ကောင်းချောမောလွန်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် စာကလွဲလို့ဘာမှ စိတ်မဝင်စားတဲ့သူတစ်ယောက်လည်းဖြစ်တယ်...။

●●●Jimmy Lee●●●
တရုတ်-အမေရိကန် ကပြားတစ်ယောက်ဖြစ်ပြီး ရှေးဟောင်းစာတွေကို လေ့လာရတာဝါသနာပါသူ...။ ထိုသို့လေ့လာရင်း တချိန်ချိန်မှာ ရှေးဟောင်းရတနာသိုက်တွေကို ရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်နေတတ်သူတစ်ယောက်ဖြစ်တယ်...။

●●●Chin Yuan Yuan●●●
Jimmy ရဲ့ချစ်သူဖြစ်ပြီး ရှေးဟောင်းစာတွေကို ဘာသာပြန်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်သူဖြစ်တယ်...။ သူမကလည်း သူမချစ်သူရဲ့ စိတ်ကူးအတိုင်း ရတနာသိုက်ကြီးရှာတွေ့ပြီး သူမတို့ရဲ့မင်္ဂလာပွဲကို တခမ်းတနားကြီးလုပ်ဖို့ စိတ်ကူးယဉ်နေသူတစ်ယောက်ပါ...။

●●●Kim Namjoon●●●
မျက်စိလည်လမ်းမှားပြီး ဒီမေဂျာကိုလျှောက်မိတာလို့ အချိန်ပြည့်ညည်းညူနေတတ်ပြီး စာကိုသိပ်မကြိုးစားပေမယ့် တစ်နှစ်တစ်တန်းတော့အချိန်တန် အောင်လာခဲ့သူတစ်ယောက်...။ သူကတော့အဖွဲ့ထဲမှာ ပျော်စရာတွေပဲဖန်တီးတတ်လွန်းလို့ သူမရှိရင်ပွဲမစည်ဘူးလို့တောင် အများကသတ်မှတ်ထားခံရတဲ့သူ...။

●●●Kim Seokjin●●●
အလွန်အေးဆေးပြီး အရှက်အကြောက်ကြီးတဲ့ အနှီကောင်လေးသည် Kim Namjoon ကို ငယ်စဉ်ကတည်းက တစ်ဖက်သတ်ချစ်နေခဲ့လို့ Namjoon တက်တဲ့ကျောင်းကို သူပါမျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တာ...။ ဒါပေမယ့် Namjoon ထက် ပိုသာတာက ရှေးဟောင်းစာအချို့ကို ဘာသာပြန်တတ်နေတာလေ...။ Yuan Yuan လောက်မတော်သော်လည်း စာတော်တော်များများကို ဖတ်နိုင်သူတစ်ယောက်ပါ...။

Under My Skin (Completed)Where stories live. Discover now