11. True Love...??

550 64 87
                                    

(Unicode)

ကျောင်းခေါင်မိုးပေါ်မှာ Taehyung တစ်ယောက်တည်း ငြိမ်သက်စွာထိုင်နေရင်း အဝေးကိုငေးကာအတွေးတွေ ပျံ့လွင့်နေခဲ့တယ်...။ သူလို Devil တစ်ကောင်မှာ တွေးစရာတွေရှိပါ့မလားလို့ အထင်ရောက်နေမိမှာပဲ...။ ဟုတ်တယ် အမှန်တော့ သူက Half Devil လေ...။

သူ့ရဲ့ခန္ဓာကိုယ်က လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖြစ်ပြီး အတွင်းစိတ်ကသာ မိစ္ဆာသွေးတွေစီးဆင်းနေတာပါ...။ အခုသူ့မှာစဉ်းစားစရာတွေရှိနေပြီ...။ အသက်ဆက်ဖို့အတွက် လူသွေးတွေသောက်သုံးနေရတဲ့ Devil တစ်ကောင်မှာ အချစ်ဆိုတာရှိနိုင်ပါ့မလားလို့ပေါ့...။

သူရဲ့ချစ်သူလို့သူကိုယ်တိုင်သတ်မှတ်ကာ သူလိုပင် Half Devil ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ Jimin ထက်တောင် တခြားတစ်ယောက်ကို သူရင်ခုန်နေမိတယ်...။

သူ... Jungkook...။
အပြုံးနွေးနွေးလေးတွေနဲ့ ကြင်နာတတ်တဲ့လူသားတစ်ဦး...။ အရင်က သူ့သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ Seokjin ရဲ့သား...။ သူအမှတ်တမဲ့ကိုယ့်ကိုလာနမ်းလိုက်တဲ့ အချိန်တခဏလေးမှာတောင် Taehyung ရဲ့ရင်တွေ တဒိတ်ဒိတ်ခုန်လာရတာ ဘာကြောင့်လဲ...?? Jimin နဲ့နမ်းစဉ်ကတောင် အခုလိုမျိုး မခံစားရပါပဲနဲ့..

"မင်းက ဒီရောက်နေတာကိုး"

Taehyung အသံကြားရာကို လှည့်ကြည့်လိုက်တော့ Jimin...။ နံရံကိုမှီထိုင်နေတဲ့ Taehyung ရဲ့ဘေးမှာ Jimin လာဝင်ထိုင်လိုက်တယ်...။

"နောက်ဆုံးတော့မင်းလည်း ငါရှိတဲ့နေရာကို အာရုံခံနိုင်သွားပြီပဲ"

Taehyung ခပ်ဟဟရယ်ရင်း ပြောလိုက်တယ်...။ Jimin က သူ့ဘေးက Taehyung ကို ငဲ့စောင်းကြည့်ရင်း နူးညံ့စွာပြုံးလိုက်တယ်...။

"ငါကမင်းဖန်တီးထားတဲ့သူလေ... တချိန်မှာမင်းလိုပဲ စွမ်းအင်တွေပိုင်ဆိုင်လာမှာ မဟုတ်ဘူးလား...??"

"ဟုတ်တယ်... ဒါပေမယ့်မင်းက ငါဖန်တီးထားတဲ့သူတွေထဲမှာ ဉာဏ်ရည်အမြင့်ဆုံး သင်ယူနိုင်စွမ်းအကြီးမားဆုံးပဲ... ပထမဆုံးနေ့မှာတင် အမဲလိုက်နိုင်တာ အရမ်းတော်လွန်းတယ်... တခြား Devil တွေ အဲ့လိုမလုပ်နိုင်ဘူး... အရမ်းအားနည်းနေပြီး မဖြစ်မနေအခြေအနေမှ အမဲလိုက်နိုင်သွားကြတာ"

Under My Skin (Completed)Where stories live. Discover now