part 2(z+u)

170 15 10
                                    

လွယ်လွယ်နဲ့မေ့လွယ်တဲ့ကျွန်တော်က မနက်ကမြင်ခဲ့တဲ့မျက်နှာကို ပြန်မြင်ယောင်နေတာ နည်းနည်းတော့ထူးဆန်းသား။ ဒါကလည်း တစ်ဖက်လူရဲ့နှစ်လိုဖွယ်မျက်နှာကြောင့်ပဲထင်ပါရဲ့။ ဒါကြောင့် ချက်ချင်းပဲ အတွေးကိုဖျောက်လိုက်ပြီး နားထောင်နေတဲ့သီချင်းထဲပဲ အာရုံပြန်စိုက်လိုက်တယ်။

သိပ်မကြာပါဘူး ကျွန်တော်ကျောင်းရောက်သွားတော့ သူငယ်ချင်းက ဒီနေ့အဓိကအတန်းချိန်မရှိဘူးလို့ဆိုပြီး စီနီယာအုပ်စုနဲ့ လျှောက်လည်မလားလို့မေးတယ်။ ကျွန်တော်ကအဲ့လိုမျိုးတွေမကြိုက်တာကြောင့် အလွယ်တကူပဲငြင်းလိုက်တဲ့အခါ ကျွန်တော့်ရဲ့ထုံထုံအအသူငယ်ချင်းက ဆက်မမေးတော့ဘဲ ထိုစီနီယာအုပ်စုနဲ့အတူလိုက်ပါသွားခဲ့တယ်။

ကျွန်တော် သူ့ကို မလိုက်ဖို့တားချင်ပေမယ့် မတားဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီစီနီယာအုပ်စုက သူ့ကိုခိုင်းဘက်တစ်ယောက်အပြင်ပိုသဘောမထားဘူးလေ ။ ပြီးတော့ အဲ့အုပ်စုထဲမှာ သူကြိုက်နေတဲ့ကောင်မလေးကရှိနေသေးတော့ ကျွန်တော်လည်း အပိုစကားတွေမပြောချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းကို အလွန်အကြူးမထိခိုက်သ၍အဆင်ပြေပါသေးတယ်။


ထိုစီနီယာအုပ်စုနောက်ကလိုက်ပါသွားတဲ့ သူငယ်ချင်းရဲ့ကျောပြင်ကို လှမ်းကြည့်လိုက်ရင်း တစ်ခုတွေးမိလိုက်တာက ရိုးသားတဲ့လူတွေအတွက် ကမ္ဘာကြီးမှာနေရာမရှိဘူး ဆိုတာပဲ။


လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်တော့ အိမ်ပြန်ဖို့အချိန်အရမ်းစောနေသေးလို့ တနေ့က အင်တာနက်ပေါ်မှာတွေ့ထားခဲ့တဲ့ ကော်ဖီဆိုင်လေးကိုသွားဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်က အစားအသောက်အသစ်အဆန်းတွေကိုသဘောကျတဲ့အတွက် ထိုအရာတွေကိုမြည်းစမ်းဖို့ကို ဘယ်တော့မှတုန့်ဆိုင်းမနေခဲ့ဘူး။ ဘယ်လောက်ပဲဝေးတဲ့နေရာဖြစ်ပါစေ ရောက်အောင်သွားပြီး မြည်းစမ်းကြည့်ဖို့ဆန္ဒရှိတယ်။ အခုလည်း ကျွန်တော်သွားမယ့်ဆိုင်လေးက မြို့ရဲ့ အလယ်ခေါင်တည့်တည့်နားလေးမှာရှိပြီး အင်မတန်မှအချက်အချာကျကာ လူစည်ကားတဲ့နေရာလေးပေါ့။


Happinessजहाँ कहानियाँ रहती हैं। अभी खोजें