part 4(z+u)

89 15 0
                                    

"  ဟို....သူတို့ကိုဘယ်မှာထားရမှာလဲ "

ကြောင်ပေါက်လေးနှစ်ကောင်ပိုက်ရင်း အိမ်ထဲဝင်လာတဲ့ ဂျီဆောင်းက အားကစားဖိနပ်ချွတ်လဲနေတဲ့ မင်ဟို့ ကို မရဲတရဲမေးလိုက်တယ်။ မေးခွန်းအတွက် အဖြေကအေးစက်စက်အကြည့်တစ်ချက်ဖြစ်တာကြောင့် ဟန်ဂျီဆောင်းတစ်ယောက်ပါးစပ်သေးသေးလေးကိုအသာပိတ်ရင်း အိမ်ပေါက်ဝမှာပဲရပ်နေလိုက်ရတယ်။ အိမ်ရှင်က ဝင်လာပါလို့မပြောတာကြောင့် သူမဝင်ရဲဘူးလေ။

အီမင်ဟိုက ဘာစကားမှမပြောဘဲ ဖိနပ်ချွတ်လို့ပြီးတာနဲ့ အိမ်တွင်းစီးဖိနပ်ကိုလဲကာ ရေချိုးခန်းထဲကိုဝင်သွားတာကြောင့် ဂျီဆောင်းကသူ့ကိုရပ်ကြည့်နေလိုက်တယ်။ ပြီးတော့ သိပ်မကြာပါဘူး အဝတ်လျှော်ဇလုံကြီးကြီးတစ်ခုနဲ့ စောင်တစ်ထည်ယူလာပြီး ကမ်းပေးလိုက်တာမို့ ဂျီဆောင်းက သူ့မျက်စိ ရှေ့ကဇလုံကြီးနဲ့စောင်ကိုတစ်ချက်ကြည့်ပြီး  မင်ဟို့ကိုနားမလည်ဟန်ပြန်မော့ကြည့်လာတယ်။ ဟန်ဂျီဆောင်းရဲ့ အူကြောင်ကြောင်မျက်နှာလေးကြောင့် စိတ်ရှုပ်သွားတဲ့ မင်ဟိုက သက်ပြင်းချလိုက်ရင်း စကားကိုလေးကန်စွာပြောလိုက်တယ်။


" ဒီဇလုံက သူတို့အိမ်ပဲ "

သူ့စကားကြောင့် မျက်လုံးပြူးသွားတဲ့ ဂျီဆောင်း ကတစ်ခုခုပြန်ပြောမလို့ပြင်လိုက်ပေမယ့် မင်ဟိုကဦးစွာဖြတ်ပြောလာတယ်။

" ဒါပဲရှိတယ်။ ဒီထဲထည့်ရင်ထည့်ထား မဟုတ်ရင်  ခုနကအမှိုက်ပုန်းဘေးမှသွားထားပေါ့ "


ပြောပြီးချင်းမှာပဲ ကျောခိုင်းမလို့လုပ်လိုက်တာကြောင့် ဂျီဆောင်း ကကြောင်လေးနှစ်ကောင်ကို ကြမ်းပြင်ပေါ် ကို ကပျာကယာချလိုက်ပြီး မင်ဟို့လက်ထဲကဇလုံနဲ့စောင်ကိုလျှင်မြန်စွာပဲ ဆွဲယူလိုက်တယ်။လောလောဆယ်တော့ ဇလုံထဲထည့်ကြတာပေါ့ ။နောက်မှ ကြောင်လေးတွေအတွက် အိပ်ယာလေးတစ်ခုဝယ်ပေးရမယ်ဆိုပြီး ဂျီဆောင်းကအခိုင်အမာတွေးလိုက်မိတယ် ။

သူကြောင်လေးနှစ်ကောင်ကို စောင်ခင်းထားတဲ့ဇလုံထဲနေရာချပြီးချိန်မှာ မင်ဟိုက နွားနို့တစ်ပန်းကန်ကိုင်ပြီး အနားရောက်လာတယ်။

Happinessحيث تعيش القصص. اكتشف الآن