~Introduction~

29.2K 885 101
                                        

Warning!!! (If you're a genius,this contents may become spoilers for you.Read with caution.)

Unicode!

Not sweet but....not bitter
မချိုပေမယ့်....မခါးပါဘူး

What kind of thing is called love?
~ Love is sweeter than a cup of latte but bitter than a sip of americano.

အချစ်ဆိုတာ တွယ်တာမိတိုင်းနာကျင်ရသလို မုန်းမယ်ကြံတိုင်း ပိုလွမ်းမိတဲ့ အရာမျိုးပဲ။

နေသာတဲ့နေ့တိုင်း ပိုကြည်နူးမိသလို မိုးရွာတဲ့နေ့တိုင်းပိုလွမ်းမိတယ်။

ရေဒီယိုနားထောင်တိုင်း စဥ်းစားမိသလို အိပ်ရာဝင်တိုင်းလည်း စိတ်ကူးယဥ်မိတဲ့ အလှပဆုံး အကြောင်းတရားတွေပဲ။

အချစ်က အမေရိကာနိုထက်လဲပိုခါးနိုင်သလို လက်တေးထက်လဲ ပိုပြီးချိုလွယ်တယ်။ ကိုယ့်အတွက် အချစ်က အဲ့သလိုချိုချိုအီအီနဲ့ ခါးသက်သက် အငွေ့အသက်လေးတစ်ခုပါပဲ။

အချစ်ကို သရဲတစ်ကောင်နဲ့တူပါတယ်လို့ပြောရင် မင်းရယ်နိုင်ပါတယ်။ တကယ်လဲအချစ်က လူပြောများပေမယ့် တချို့တလေမှ နှဖူးတွေ့ဒူးတွေ့ကြုံဖူးတဲ့ ​မှော်ဆန်တဲ့အရာမျိုးပဲလေ။

အချစ်ကနေရာတိုင်းမှာရှိပါတယ်။ တစ်ချို့က လောင်းကြေးမထပ်ရဲလို့သာ နှလုံးသားကိုမအပ်ရဲကြတာပါ။ တကယ်တမ်းအချစ်က တိမ်လိုလေလို နေရာတိုင်းမှာ ရှိနေတတ်တဲ့အရာမျိုးပါပဲ။

ဒါဖြင့် ချစ်မိသွားပြီဆို​ကြပါစို့.......။

~~~ Introduction ~~~

နွေဦးငယ်ဆိုတဲ့မိန်းကလေးဟာ အချစ်ကို နှလုံးသားထဲမှာ လူမသိသူမသိ အပြည့်အဝဖုံးဖိထားတတ်တဲ့ ခပ်ငယ်ငယ်ကလေးမတစ်ယောက်ဖြစ်တယ်။ သူ့အချစ်တွေကိုလက်ခံရရှိထားတဲ့ နေရောင်လှိုင်းသွင်ဆိုတဲ့ လူကြီးကိုယ်တိုင်ကတောင် အရိပ်အမြွက်ကလေးတောင် မသိရပဲ မောင်နှမZoneထဲ နှစ်အတန်ကြာတဲ့ထိ အချစ်ခံနေရပါတယ်။

အချိန်ကာလတစ်ခုကိုရောက်လာတဲ့အခါမှာတော့ အရှက်အကြောက်လဲကြီးပြီး ရိုးအေးလွန်းတဲ့အဲ့သည်ကလေးမဟာ အနုပညာလောကထဲ ​ခြေစုံပစ်ဝင်ပြီးနောက်မှာ ခပ်တုံးတုံးပုံရိပ်တွေပျောက်ကာ အလန်းလွန်တဲ့နာမည်ကျော် စူပါစတားတစ်ယောက် ဖြစ်လာပါတော့တယ်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now