Intro
373 20 4
[Unicode]
"မင်းက gay လား straight လား "
"ကလေးလေး မင်း gay ဆိုမမရဲ့မွေးစားမောင်လေးလုပ် straight ဆိုလည်းမမနဲ့သူငယ်ချင်းလုပ်ကြရအောင်.. "
ထူးဆန်းသောနည်းလမ်းတစ်ခုနှင့်စတင်ခဲ့သောသူတို့၏စကားဝိုင်းသည် ထို့နောက်တွင်ရောဘာဆက်ဖြစ်လာမည်လဲ.?
မနဲ့မောင်ဇာတ်လမ်းပါနော် အဲ မနဲ့မောင်ဇာတ်လမ်းဆိုပေမယ့်လည်း...ဖြောင်း!! *ကိုယ့်ကိုယ်ကိုယ်ပြန်ရိုက်လိုက်* /စာဖတ်သူကိုမ spoil ရဘူးလေစာရေးသူရဲ့/
ငယ်ငယ်တည်းကမိသားစုဆီကရော ပတ်ဝန်းကျင်ကပါအချစ်ခံရတဲ့အမျိုးသားလေးနဲ့ အချစ်ဆိုတာကိုကိုယ်တိုင်အတွက်ကလွဲရင်ကျန်တဲ့လူတွေအတွက်ယုံကြည်တဲ့အမျိုးသမီးလေးတို့အကြောင်းပါ။
မိသားစုဆီကအချစ်ခံရပြီးကြီးပြင်းလာတဲ့ကလေးတွေကိုမြင်ဖူးကြတယ်မလား? ဒါဆိုမိသားစုတင်မကပဲပတ်ဝန်းကျင်ကပါအချစ်ခံရတဲ့ကလေးမျိုးဆိုရင်ရော? သေချာတာပေါ့။ သူတို့ဘဝမှာဆိုးရွားတဲ့ဖြစ်ရပ်ဆိုတာနားနဲ့ကြားဖူးတာ မျက်လုံးနဲ့မြင်ဖူးတာပဲရှိကြတယ်။ တစ်ခါမှကိုယ်တိုင်မကြုံတွေ့ခဲ့ကြရဘူး။ အခုရေးမယ့်ဇာတ်လမ်းရဲ့အမျိုးသားလေးကအဲ့လိုပုံစံမျိုးပါ။ ဒါပေမယ့်... //ဖြတ်ချခဲ့//
ကမ္ဘာကြီးမှာအချစ်ကိုယုံကြည်တဲ့လူတွေ မယုံကြည်တဲ့လူတွေရှိကြတယ်။ တချို့ကအတိတ်ကဆက်ဆံရေးတွေမှာ ရခဲ့တဲ့ trauma တွေကြောင့်အချစ်ကိုမယုံကြည်နိုင်ကြတော့ဘူး။ ဒီဇာတ်လမ်းရဲ့အမျိုးသမီးငယ်လေးကအချစ်ကိုမယုံကြည်တဲ့အုပ်စုထဲမှာပါပါတယ်။ သူမကိုယ်တိုင်အတွက်အချစ်ဆိုတာကိုမယုံကြည်ပေမယ့် တခြားလူတွေရဲ့အချစ်ကိုတော့အရမ်းမြတ်နိုးတာ။ တခြားလူရဲ့အချစ်ဆိုတာမှာ လူနှစ်ယောက်အချင်းချင်းချစ်ကြတာမြင်ရင်သူမကအလိုလိုပျော်ရွှင်နေတတ်တယ်။ ဟော.. သူမကိုယ်တိုင်ကျတော့ တခြားလူတွေသူမကိုပိုလွန်းတဲ့အချစ်နဲ့မချစ်စေချင်ဘူးတဲ့။ သူမကပြန်မချစ်နိုင်တာမလို့။ ဘာ trauma မှမရှိပဲ love issue ‌နဲ့ trust issue ရှိနေတဲ့အမျိုးသမီးငယ်လေးပါ။
သူတို့ကြားမှာအချစ်ပေါ်လာမလား...? ဒီအတိုင်းပဲဆက်ရှိသွားမလားဆိုတာတော့ဆက်ပြီးဖတ်ပေးကြပါဦးနော်..။
19th June 2023
Monday
[Zawgyi]
19th June 2023
Monday
Fujoshi မမအားခဈြမိခွငျး/Fujoshi မမအားချစ်မိခြင်းUnde poveștirile trăiesc. Descoperă acum