Part - 1

178 9 0
                                    

[Unicode]

"Hey! ခဏ မေးစရာလေးရှိလို့"
မျက်နှာချင်းဆိုင်ကနေလာရင်းပြောလာသူကြောင့် ဆက်လှမ်းမည့်ခြေလှမ်းတွေအားရပ်တန့်ပေးလိုက်သည်။
ဒီလိုမျိုးကိစ္စတွေကမထူးဆန်း.. ကိုယ့်ကိုယ်ကိုယ်ဂုဏ်ဆာတာမဟုတ်ပေမယ့် ချောမောသည့်မျက်နှာကိုပိုင်ဆိုင်ထားသောနန္ဒအတွက်တော့ အခုလိုကိစ္စတွေကခဏခဏဖြစ်တတ်သည်။

"မင်းက gay လား straight လား "

ရုတ်တရက်အံ့အားသင့်မှုကြောင့် နန္ဒဘာမှပြန်မဖြေနိုင်တော့ဘဲ ကြောင်ကြည့်နေလိုက်မိသည်။ အတွေးထဲ၌ထင်ထားခဲ့သည်က ခပ်ရှက်ရှက်ပုံစံနှင့်ဖွင့်ပြောလာမည်။ မဟုတ်လျှင်လည်း အကောင့်လက်ခံဖို့ပြောမည် ဟူ၍ပင်။ မထင်မှတ်ထားသည်က သူစိမ်းတစ်ယောက်သာသာဖြစ်နေသောနန္ဒနှင့် ပထမဆုံးစပြောသောစကားဝိုင်းတွင် အခုလိုမေးခွန်းမျိုးမေးလာလိမ့်မည်ဆိုသည်ကိုပင်။ မယုံနိုင်သော်လည်း ကြားလိုက်ရပြီဖြစ်သောကြောင့် ထိုသို့မေးလာရဲခြင်းကိုပင် စိတ်ထဲမှတစ်နည်းတစ်ဖုံချီးကျူးမိပါသည်။

"ကိုယ်ထပ်ဖြည့်ပြောပါရစေ.. မင်း gay ဆိုကိုယ့်ရဲ့မွေးစားမောင်လေးလုပ် အဲ straight ဆိုလည်းကိုယ်နဲ့သူငယ်ချင်းလုပ်ရအောင်.. "

မျက်လုံးတစ်ဖက်မှိတ်ပြပြီး ပြုံးရင်းပြောလာသောသူမသည် သူမကိုယ်သူမတော့စတိုင်ကျပြီးမိမိုက်သည်ဟုခံစားနေရသည့်ပုံပင်။ သုံးသည့်နာမ်စားကိုက "ကိုယ်" ဆိုပဲ။ အမှန်တကယ်က ကလေးပေါက်စလေးလို အထက်တန်းကျောင်းသူရုပ်လေးနှင့်ပင်...

"ကျွန်တော်က straight ပါဗျ "
နည်းနည်းထူးဆန်းပေမယ့် အလိုက်ခံရသည့်နည်းလမ်းအသစ်လို့ပဲမှတ်ယူပြီး နန္ဒပြုံး၍ပြန်ဖြေလိုက်သည်။ အကွက်လေးကလှသလို လူကလည်းလှပါသည်။ တစ်ခြားတစ်ယောက်သာဆိုလျှင် နေရာမှာပင်ကြွေဆင်းသွားနိုင်ပေမယ့် ဒီကလေးမလေးအတွက်စိတ်မကောင်းစရာက နန္ဒဖြစ်နေသည်။ အချိန်ကြာလေပိုခံစားရလေဖြစ်သွားမည်ကိုစိုးရိမ်သည့်အတွက် ကြိုတင်ငြင်းဆန်ရန်ပြင်ဆင်လိုက်သည့်အချိန်မှာပင်..

"အာ.. gay မဟုတ်ဘူးလား ထင်တော့ထင်ပါတယ်လေ "
သိသိသာသာကိုညှိုးကျသွားပါလေသည့် မျက်နှာအမူအယာ..

Fujoshi မမအားချစ်မိခြင်း/Fujoshi မမအားချစ်မိခြင်းWhere stories live. Discover now