Part...2

187 17 4
                                    

For Unicode

ရင်ဘတ်ပေါ်ကို ထိတွေ့နေသော မာကျောသည့်အရာဝတ္ထုသေးသေးလေးများ။
ထယ်ယောင်းမျက်လုံးကိုအားယူပြီးဖွင့်ကြည့်မိတော့ မြင်လိုက်ရသည့် မြင်ကွင်းဟာ သွေးတက်ဖွယ် ။

" ဘယ်...ဘယ်သူလဲ "

ပါးစပ်ကအော်ပြောလိုက်ပေမယ့် အသံတော့ထွက်မလာပေ။ထိန်းချုပ်ခံထားရသလို ခံစားချက်က စိတ်ကျဉ်းကျပ်စေလှသည်။

"ငါဘယ်သူလဲ မသိချင်နဲ့ငါ့နေရာကနေဖယ်"

ဘုရားရေ သူမက ထယ်ယောင်းစိတ်ထဲကပြောတဲ့အသံကို ကြားနေရတာလား။ မဟုတ်ဘူး ဒါအိမ်မက် မက်နေတာမလား။

​ရုတ်တရက် ဖြတ်တိုက်သွားသော လေကြမ်းကြမ်းတွေကြောင့် ထယ်ယောင်းကျောထဲစိမ့်တတ်သွားရသည်။
ပြတင်းပေါက်တွေလည်း ပွင့်မနေဘဲဘယ်နေရာက လေဝင်လာတာလဲ။
လူတစ်ကိုယ်လုံးလည်းတုန်ရီနေကာ ကြက်သီးမွှေးများပင်တဖြန်းဖြန်းထလာပြီ။

ထိုအမျိုးသမီး၏ ပါးစပ်မှာကျနေသောအရည်တစ်ချို့ကြောင့် ပျို့အန်ချင်စိတ်ကိုမနည်းထိန်းထားရသည်။
ထို့နောက် ထယ်ယောင်းမျက်လုံးကို စုံမှိတ်ချထားလိုက်၏။အိပ်မက်ထဲကဖြစ်ဖြစ် တကယ့်လက်တွေ့မှာဖြစ်ဖြစ် ထယ်ယောင်းသရဲခြောက်ခံနေရတာသေချာသည်။

"ရှပ်...ရှပ် "

တခြားသူတွေအိပ်ပျော်နေကြလားမသိပေမယ့် အခုချိန်ထိ အိပ်မရတဲ့သူက နမ်ဂျွန်းပင်။
ခြေသံလိုလို ရှပ်တိုက်သံကြားနေရပေမယ့် ထိုအသံသည်ကြမ်းပြင်ကလာတဲ့အသံမဟုတ်။

မျက်လုံးဖွင့်ဖွင့်ချင်း မျက်နှာကျက်ပေါ်တွင် ဇောက်ထိုးအနေအထားနှင့် မြင်လိုက်ရသော မိန်းကလေးတစ်ယောက်။
လေပေါ်မှာလွင့်မျှောနေသော ထိုမိန်းကလေး၏ ကျောင်းဝတ်စုံတွင် သွေးတွေချင်းချင်းရဲနေသည်။လွင့်မြောနေသည်ထက် မျက်နှာကျက်ပေါ်မှာ လမ်းလျှောက်နေသည်ဆိုရင် ပိုမှန်လေမလား။

မင်သေသေအသက်မပါသည့် မျက်နှာက ကြောက်လန့်ဖွယ်။သွေးစက်တွေက နမ်ဂျွန်းအပေါ်ကို စီးကျလာမလားဆိုပြီး ခြောက်ခြားမိသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူကအသက်ရှုဖို့ပါမေ့နေခဲ့သည်။ ဘေးဘက်တွင် တခြားသူတွေရှိမှန်းသိလျှက်နဲ့ နမ်ဂျွန်း၏ခန္ဓာကိုယ်သည် ဘယ်လိုမှလှုပ်ရှားဖို့မစွမ်းသာ။
ထိုမိန်းကလေးသည် မျက်နှာကျက်အပေါ်ကနေ ပက်လက်အနေအထားရှိနေသည့်နမ်ဂျွန်းနှင့် မျက်နှာချင်းဆိုင် တစ်စထက်တစ်စပို၍နီးကပ်လာသည်။ရှည်မြောမြောခန္ဓာကိုယ်က ရွံ့ရုပ်တစ်ခုလို လိုသလိုပုံသွင်းနိုင်တာလား။

𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧𝑒(On Going)Where stories live. Discover now