9(Uni)

238 9 0
                                    

"ကဲ.....စာရွက်တွေထပ်ရအောင်။"

ခန့်၏စကားအဆုံး Grammar အဖြေလွှာများလာထပ်သည့်ဆယ်တန်းများ။ခန့်က ကျောင်းမတက်ရသေးလို့ ဘော်ဒါမှာဂိုက်ဝင်လုပ်နေ၏။အခုလိုမျိုး ညတိုင်း Grammar ဖြေရသည့်အလုပ်ကို ခန့်ကတာဝန်ယူပေးရသည်။

"ကိုခန့် ဒီနံပါတ်ရှစ်အပုဒ်က ဘယ်လိုကြီးလဲ။"

ကောင်းမလေးတစ်ယောက်ကအဖြေလွှာထပ်ရင်းမှ သူနားမလည်သည့်အပုဒ်ကိုမေးလာသည်။ခန့်လည်း အဲ့ဒီနံပါတ်ရှစ်အပုဒ်နှင့်သက်ဆိုင်သည့် Grammar pattern ရော၊အဲ့ဒီ့အပုဒ်ရော ပြန်ရှင်းပြလိုက်ရတော့အတော်လေးကြာသွားသည်။

"ရှိုင်း နံပါတ်ရှစ်အပုဒ်ဖြေနိုင်လား။"

အတန်းဖော်သူငယ်ချင်း၏အမေးကို ရှိုင်းခေါင်းသာယမ်းပြလိုက်၏။အတန်းဖော်ကတော့ ရှိုင်း၏ခေါင်းယမ်းပြမှုကြောင့် အားတက်သွားသည်။ရှိုင်းလိုလူမျိုးတောင်မရတာ သူတို့မဖြေနိုင်တာမဆန်း။

ရှိုင်းက အဖြေလွှာထပ်ပြီး အတန်းထဲတွင် ထိုင်ပြီး သင်္ချာတွက်နေ၏။

"ကိုခန့် ရှင်းပြမှပဲ နားလည်တော့တယ်။အဲ့ pattern ကိုဘယ်လောက်ရှင်းရှင်းလည်တာ။ကိုခန့် ကျေးဇူးပါ။"

"ရပါတယ်။"

ကောင်မလေးက ခန့်ကိုပြုံးရယ်ပြပြီး ကျေးဇူးတင်စကားဆိုလာသည်။ခန့်လည်း စာရှင်းပြီးသွားတော့ စာစစ်စရာများကို ခပ်သွက်သွက်စစ်လိုက်၏။

"ကိုခန့် အချဥ်ပေါင်းစားဦး။"

စောစောက ခန့်စာရှင်းပြလိုက်တဲ့ကောင်မလေးက အချဥ်ထုပ်လေးကို စာထိုင်စစ်နေတဲ့ ခန့်ရှေ့တိုးပေးရင်းဆိုလာသည်။

"ကျေးဇူးတင်ပါတယ်။"

ခန့်လည်း မနေ့ညက မအိပ်ဘဲစာထိုင်ဖတ်ထားလို့ ခေါင်းမကြည်နေတာနဲ့ လာကျွေးတဲ့အချဥ်ထုပ်ကို မငြင်းမိ။ကောင်မလေးကလည်း မျက်နှာလေးပိုရွှင်သွားပြီး အတန်းထဲဝင်ထိုင်လေသည်။

"အံမယ်...အံမယ် မျက်နှာကိုက ပီတီတွေဖြာနေတဲ့ရုပ်နဲ့။"

"ကိုကိုရေ...ကိုကိုမကယ်လို့မဖြစ်တဲ့ကျွန်မဘဝပါလေ။"

ငယ်နိုင်Where stories live. Discover now