part -15

2.8K 102 8
                                    

အချိန်တေ ကြာခဲ့ပြီ ကိုယ်ဝန် ၉လထဲ ဝင်နေခဲ့ပြီ
ဂျောင်ကု ‌အလုပ်မသွားတော့ပဲ အိမ်ကသာ
အလုပ်တေလုပ်တော့သည်။ တခုခုဆို အခက်မတွေ့စေရန် သူရှိနေမှဖြစ်မည်မဟုတ်လား။

Tae-အင်း အ့ာ ဟင့် နာ နာတယ် ကိုကို အင့် နာတယ် အီးဟီး! နာလိုက်တာ!! အီး!

Jeon-ဘာ ဘာဖြစ်တာလဲ

Tae-ဗိုက်က အရမ်း အ့ နာလိုက်တာ

Jeon- ခန ခန ကိုယ်ဆေးရုံပို့ပေးမယ်

ကောင်လေးကိုမချီရင်း ကားထဲ ထည့်ကာ ထွက်လာခဲ့ကြသည်။ တော်သေးတာပေါ့ ကားနောက်ခန်းမှာ လိုအပ်တာတေကို မနေ့ကထဲကအဆင်သင့်ထည့်ထားမိလို့ မဟုတ်ရင်တော့လား။

ကားလေးတစ်စီးသည် မြန်ဆန်တဲ့ အရှိန်နဲ့
ဆေးရုံထဲကို ဝင်သွားလေသည်။
ကလေးငယ်ကိုချီကာ ဆေးရုံထဲဝင်ခဲ့သည်။
ပစ္စည်းတေယူဖို့လဲ သူမမေ့ခဲ့ပါဘူး။

Jeon-ဆရာမ လုပ်ပါအုံး မွေးတော့မယ် ထင်တယ်

"မွေးလူနာ ဟေ့ အမြန်လာကြ"

ဆရာဝန်တေအမြန်ရောက်လာကြပြီး
ခွဲစိတ်ခန်းထဲကို ကလေးငယ်အား ခေါ်သွားခဲ့သည်။ OGလဲရောက်လာပြီး ကလေးငယ်အတွက်
သေချာလုပ်ပေးပါသည်။ ခွဲမွေးဖို့ ပေးထားတဲ့
ရက်က တပတ်ခါမဟုတ်လား။ ဒီနေ့ ဗိုက်နာလာရတယ်လို့ ကလေးငယ်တော့ ပင်ပန်းတော့မှာပဲ။

မချစ်ဘူးသာဆိုတာပါ။ ဘာသာမဲ့ ဖြစ်တဲ့သူသည်
ရှိသမျှ နတ်ဘုရားတိုင်းဆီမှာ ဆုတောင်းနေမိသည်။ ကလေးငယ် တခုခုဖြစ်မှာ ဆိုးလို့တဲ့လေ

ခွဲခန်းထဲက ထွက်လာတဲ့ ဆရာဝန်မကို
မြင်တော့ ‌မျှော်လင့်ချက်တေနဲ့မေးမိသည်က

Jeon-ဆရာမ ထယ်ယောင်း ဘယ်လိုနေသေးလဲဟင် သူအဆင်ပြေရဲ့လား ကလေးရော

"အဆင်ပြေပါတယ် သမီးလေး မွေးပါတယ်
ကလေးရော လူကြီးပါ ကျန်းမာပါတယ်
အခန်းထဲကို ရွှေ့ပေးထားပါ့မယ်ရှင်"

Jeon-ကျေးဇူးပါဆရာမရယ်

ထွက်သွားတဲ့ဆရာမကို ကျေးဇူးတင်နေမိသည်မှာ အထပ်ထပ် ဘာကြောင့်လဲတော့ သူမသိပေ။

"I think we could work it out so what
are you doin' now?"

မြည်လာတဲ့ဖုန်းကြောင့် contact လေးကို ကြည့်မိတော့ unknown number တစ်ခု
သူလဲ ကိုင်လိုက်တယ်

Pain Of Hatred [ COMPLETE ]Where stories live. Discover now