Part-6

2.4K 193 87
                                    

တီချယ့်‌ကြောင့်...မြ ပုံစံတွေပြောင်းလဲလာတယ်...
မြ ဘယ်သူ့အပေါ်မှ မတွယ်တာဖူးပေ...
မိသားစု အပေါ်လည်း မချစ်တတ်ဖူးပေ...
ဆွေမျိုးဆိုလည်း ဝေးသေးသည်....
အတွယ်အတာ..အစွဲအလန်း အရမ်းမုန်းတဲ့မြ က...
အရင်ကထက်ပိုပြီး ဖော်ရွေလာတယ်....
တီချယ့်ပုံစံကို မြချစ်တယ်...
တီချယ်က ငယ်ရွယ်သူ ပီပီ...
တခြား အသက်ကြီးကြီး ဆရာမတွေအပေါ်လည်း..
သိပ်ကိုရိုသေဖော်ရွေတတ်သေးသည်...
ဆရာမအကြီးတွေအရှေ့ရောက်ရင်...
ခေါင်းငုတ်သွားတတ်တာက အစ....
'ဟုတ်ကဲ့..တီချယ်'လို့...ပြုံးပြီး ပြောတတ်တာကအဆုံး....
တီချယ်နဲ့ ပတ်သက်တာ မှန်သမျှ မြ
နှစ်သက်နေမိသည်...
တီချယ် နှင်းဆီပန်းလေးတွေ ကြိုက်တတ်သည်ဆိုလို့
အိမ်မှာလည်း နှင်းဆီပန်းပင် အတော်အများ
ပျိုးဖြစ်သည်....
ဥယျာဉ်မှူးဝါသနာပါတဲ့ တီချယ့်ကြောင့်...
တခြားပန်းပင်‌ငယ်လေးတွေလည်း
ပျိုးဖြစ်သေးသည်...
တီချယ်နဲ့ ခင်မင်ချင်သည်....
သို့ပေမဲ့....မြ တီချယ့်အနား ကပ်ဖို့တောင်
မနည်း..အားယူနေရသည်...
မြလေ...တစ်ခါတစ်လေ...တီချယ့်ဘေးမှာကပ်နေတဲ့
တောက်တဲ့လို တပည့်တွေကို သိပ်မုန်းတာပဲ...
တီချယ့်ကိုများ...လက်ကိုင်လိုက်...
ခြေထောက်ကိုင်လိုက်နဲ့...ပြုံးဖြီးနေတာ...
မြ မနာလို သဝန်တိုနေမိတယ်...
ဒါကို တီချယ် ဘယ်သိမလဲ.....

14.9.2018 ( Friday )

မြ မနက်က တီချယ့်ကို နှင်းဆီပန်းသွားပေးဖြစ်သေးသည်....နားနေခန်းအနားရောက်မှ မြခြေလှမ်းတွေ
ရပ်တန့်သွားသည်...

"မသူ..Bခန်းက ကလေးမ တစ်ယောက်လေ...
မြယဉ်ကျေးတဲ့...နှင်းတော့ သူ့ကို တွေ့ရင်
သိပ်ရယ်ချင်တာပဲ..."

"အမလည်း အဲ့ အခန်း မသင်ရဘူး...
ဒါပေမဲ့ ဒီလကုန်ရင်တော့ ကွန်ပျူတာချိန် ဝင်ရမယ်ထင်တယ်..."

"ဟုတ်လား...မသူ အကဲခတ်ကြည့်လိုက်သိလား..
အဲ့ကလေးမလေးနာမည်က..မြယဉ်ကျေးတဲ့...
ယောကျာ်းဆန်ဆန်လေးနဲ့ အူကြောင်ကြားလေး..."

"ဟားဟား...ယောကျာ်းဆန်ဆန်လေးလား..."

"ဟုတ်ပါ့ နာမည်နဲ့ မလိုက်...
ကျားကျား‌ယားယား...ဖိုက်တာလိုလိုပုံစံနဲ့...
နှင်းကို ကြောက်နေလိုက်တာများ တုန်ရော..."

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now