Part-16

2K 178 30
                                    

ကျောင်းသား ကျောင်းသူဟောင်းများတွေ့ဆုံပွဲ
နှင့်...အာစရိယ ပူဇော်ပွဲ အခမ်းအနား အစီအစဉ်တဲ့...

ဘာလိုလိုနဲ့ မြတောင် ကျောင်းတော်ကြီးအရိပ်ကို...
မနင်းဖြစ်တော့တာ....၅နှစ် ကျော်ခဲ့ပြီပဲ....
လွမ်းပါသည်...သိပ်ကို လွမ်းပါသည်....
ထို အမျိုးသမီးလေးနဲ့... ပထမဦးဆုံး
ဆုံတွေ့ခဲ့ကြတဲ့ရပ်ဝန်း...
ထိုရပ်ဝန်းလေးမှာပဲ...အမှတ်တရပေါင်းစုံနဲ့....
အချစ်ကို စ‌တင် ခံစားမိခဲ့သည် မဟုတ်လော....
အများစုသောသူတို့...
အချစ်ဦးကို စတင်ထိတွေ့ကြတဲ့ရပ်ဝန်း...
ထိုရပ်ဝန်းလေးက...အဖြူအစိမ်း ပြည့်နှံ့နေသော...
ကျောင်းဝင်းကြီး ပင်ဖြစ်သည်.....

တီချယ့်ရဲ့ ကျောင်းသွား ကျောင်းပြန်ကို...
ကွယ်ရာက ခိုးခိုးချောင်းခဲ့တဲ့...
မန်ကျည်းပင်လေး.....
ထို အပင်ကြီးမှာလည်း....အခုထိ ရှင်သန်နေဆဲ....
ထို့အတူ...မြ နှလုံသားထဲက...
တီချယ်နှင်းအတွက် ရင်ခုန်သံတို့မှာလည်း.....
ရှင်သန်လျက်ပင်.....

ဆိုင်ကယ်ထားရန်......
ဒီဆိုင်းဘုတ်လေးရဲ့ အနောက်က....
ဆိုင်ကယ် အစီး ၂၀ကျော်ကျော်.....
ဒီဆိုင်ကယ်တွေ ထဲမှာမှ....မြ အခုထိ မှတ်ထားတဲ့....
ကိန်းဂဏန်းလေးတွေပါသော နံပါတ်ပြားလေး...
မတွေ့မမြင်ရတာကြာပြီဖြစ်တဲ့
နှင်းဆီနီနီစတစ်ကာတို့...ပြည့်‌လျက်ရှိသော
ဆိုင်ကယ်....
ထို ဆိုင်ကယ်လေးမှာလည်း ယခု အထိ
ရှာမတွေ့သေးတာမို့....ရင်ထဲက..လှိုက်တက်လာသော
အရာလေးမှာ....မျက်ရည်ကြည်အဖြစ်...
မြေပေါ်သို့ လှိမ့်ဆင်းသွားသည်......

တီချယ်...အခု ချိန်ထိ မြကို မုန်းနေဆဲပဲကိုး.......

တိတ်တိတ်ကလေး ရေရွတ်လို့....
ဆိုင်ကယ်သူစိမ်း‌များကို ကျောခိုင်းခဲ့ရပြန်သည်.....

စာအုပ်ကလေး ပိုက်ပြီး....
သွားတက်လေးတွေပေါ်သည်အထိ ပြုံးပြလျက်...
မနူးမညံ့လေး လမ်းလျှောက်တတ်သော
တီချယ့်ရဲ့ဟန်ပန်....
ထို ဟန်ပန်လေးတို့ တွေ့မြင်ခဲ့ရသည့်....
ထိုကုန်းဆင်းလေး....
မိုးတွင်းဘက်ဆို...ပိုတောက်ပလှသည့် မြင်ကွင်း...
ထမီ စ ကလေး လက်နှင့်ဆုပ်လို့....
သတိလေးကပ်ကာ လမ်းလျှောက်တတ်သည့်
တီချယ်....
အတွေးများက....တီချယ်....တီချယ်နှင့်.....
အတိတ်က တီချယ့်ကို....မေ့ပစ် လိုက်ချင်တော့သည်
သို့ပေမဲ့....မလွန်‌ဆန်နိုင်သော...မြ နှလုံးသားကြောင့်..
တီချယ်သည်...ယခုထိ‌တိုင်...မြ အတွေးများစီသို့...
နယ်လှည့်နေဆဲပင်....

နှင်းဆီရဲ့ အမုန်းတော်ခံWhere stories live. Discover now