Ep - 2

1.4K 262 144
                                    

(Unicode)

နောက်နေ့မနက်မိုးလင်းတော့ သားသားက ခါတိုင်းလို ပြုံးပြုံးရွှင်ရွှင်မရှိ။ လေးတိလေးကန်ဖြင့် လှေကားကနေတစ်ထစ်ချင်း အိမ်ပေါ်ကနေဆင်းလာသည်ကိုရှောင်းကျန့် သတိထားမိသည်။

" လာပါဦး ဒယ်ဒီ့ရှောင်ပေါင်းလေးက ဘာတွေစိတ်ညစ်နေတာလဲပြောပါဦး "

လှေကားရင်းကနေပြီး ကောက်ကာပွေ့ချီလိုက်သည်။ သားသားက သူ့ကို ဘာမှမပြောပေ။

ပါပါးနဲ့ ပက်သက်ပြီးပြောရင် ဒယ်ဒီက သိပ်မကြိုက်မှန်း ရှောင်ပေါင်းကသိထားတာကြောင့် ဘာတစ်ခွန်းမှ မဟတာဖြစ်သည်။

ဒယ်ဒီစ်ိတ်ညစ်မှာလည်းစ်ိုးသည်။ ရှောင်ပေါင်းက လိမ္မာတဲ့ကလေးပဲဖြစ်ချင်သည်။ ဒါပေမယ့် မနေ့က ရှောင်ပေါင်းလေးက သူငယ်ချင်းတွေ ဆီကနေ အကြွားခံလိုက်ရသည်။

သူ့တို့ ပါပါးတွေနဲ့ သူ့ဒယ်ဒီတွေက ဘယ်လိုချစ်ကြောင်းတွေ။ ပြီးတော့ ရှောင်ပေါင်းမှာ ပါပါးရှိလားလို့မေးကြသည်။ ရှောင်ပေါင်းက မဖြေနိုင်ခဲ့။

နောက်နေ့မှာ ရှောင်ပေါင်းတို့ ကျောင်းမှာ မိဘများတွေ့ဆုံပွဲရှိသည်။ အဲ့ဒီအချိန်ရောက်ရင် ဒယ်ဒီတစ်ယောက်တည်း လာရမှာပင်။

ဒယ်ဒီနဲ့ ပါပါးနဲ့ အတူတူရှိစေချင်ပေမယ့် ရှောင်ပေါင်းက ပါပါး ဘယ်နားမှာ နေမှန်းတောင်မသိပေ။

ပါပါးနဲ့တွေ့ဖို့ရာ မဖြစ်နိုင်ဘူးဟုထင်သည်။ ဒါကိုလည်း ဒယ်ဒီ့ကိုမပြောပြချင်ပေ။

ရှောင်ပေါင်းလေးမှာလည်း အသက်အရွယ်နဲ့ မလိုက်တဲ့ ခံစားချက်တွေက ရင်ထဲမဆံ့အောင်ရှိသည်။ ခုနှစ်နှစ်အရွယ်နဲ့ အတွေးပေါင်းများစွာ တွေးတတ်နေလေပြီ။

ရှောင်ပေါင်းလေးက ခေါင်းခါလျက် ရှောင်းကျန့်ပေါ်က ဆင်းသွားသည်။

" မနက်စာစားမယ်လေ ဒယ်ဒီ "

မီးကင်ထားတဲ့ ပေါင်မုန့်တစ်ချပ်ကို သူ့ဘာသူ ယိုသုတ်ပြီး လူကြီးလေးလို ပြုမူနေသော သားသားကိုကြည့်ပြီး ရှောင်းကျန့်က သက်ပြင်းချလိုက်သည်။

ခဏနေရင် ရှောင်ပေါင်းလေးပျော်သွားလိမ့်မယ်လို့ တထစ်ချတွက်ထားသည်။

The Way I Still Love YouWhere stories live. Discover now