Ep - 4

1.4K 243 90
                                    

(Unicode)

ဒီနေ့ သားသားလည်း ကျောင်းပိတ်သည်။ ဝမ်အုပ်စုမှာလည်း သူတို့သားပျောက်သဖြင့် ရဲစခန်းကို လူပျောက်တိုင်ထားကြောင်းကြားရသည်။

ရှောင်းကျန့်လည်း အကျေနပ်ကြီးကျေနပ်နေသည်။ ဆေးရုံမှာ ရိပေါ်ပျောက်သွားတုန်းက အရူးမီးဝိုင်းသလို သူ့ခံစားချက်။ အဲ့လိုခံစားချက်မျိုးပြန်ခံစားရစေချင်သည်။ ဝဋ်ဆိုတာ တစ်ပတ်လည်တတ်တဲ့ အမျိုးဆိုတော့လည်း အခုက ရှောင်းကျန့် အသာစီးရမယ့် အလှည့်။

ရိပေါ်က ရေမချိုးရတာ နှစ်ရက်ရှိပြီမို့
ရှောင်းကျန့်က ရိပေါ်ကို ရေချိုးပေးဖို့လုပ်သည်။ ရှောင်းကျန့်က လတ်တလော အိမ်ထဲက အိမ်ပြင်ကို မထွက်ပေ။

မနေ့ညကတော့ ရှောင်းကျန့်က ရိပေါ်က်ို ဘာမှမလုပ်ပဲ ရင်ခွင်ထဲထားပြီးသာ အိပ်ခဲ့သည်။

" ရေချိုးမယ် "

ရှောင်းကျန့်က ရိပေါ်ကိုကောက်ပွေ့လ်ိုက်သည်။ ထမင်းစားချ်ိန်ကလွဲလို့ အခန်းထဲက မထွက်ခိုင်း။ ဖုန်းလည်းပေးမသုံး။

ကြမ်းပြင်နဲ့ ခြေထောက်နဲ့ကိုတောင် မထိခိုင်းတဲ့အထိ သေချာ ဂရုစိုက်သည် ။ အရေးကြီးတာက ရိပေါ် သူတို့ သားအဖကို မှတ်မိလာဖို့။

" ကျွန်တော့်ဘာသာချိုးမယ် "

" ကိုယ်လည်း မချိုးရသေးဘူး။ တူတူချိုးမယ်။ ပြီးတော့ အရင်ကအကြောင်းတွေပြန်ပြောပြမယ် "

ရှောင်းကျန့်က ရိပေါ်ကို ဘေစင်ပေါ်အရင်တင်ပေးပြီး အင်္ကျီချွတ်စေသည်။  ပြီးတော့ ရေနွေးနွေးလေးစပ်ထားတဲ့ ရေချိုးကန်ထဲက်ို ချပေး၏။

ရှောင်းကျန့်ပါ ရိပေါ်နောက်ကနေ ဝင်ထိုင်ကာ ရေစိမ်လိုက်သည်။

ရိပေါ်က  မနေတတ်ဖြစ်နေ၏။ နောက်ကိုလည်း မလှည့်ရဲပေ။

ရှောင်းကျန့်က ရိပေါ်ကို ဆွဲပွေ့ပြီး မျက်နှာချင်းဆိုင်ဖြစ်အောင် သူ့ပေါင်ပေါ်ခွကာ ထိုင်စေသည်။ ရိပေါ်ရဲ့ ပခုံးပေါ် မေးတင်လျက် ဖက်ထားလိုက်၏။

" ကိုယ့်နာမည်က ရှောင်းကျန့် ။ မင်းနဲ့ စတွေ့တုန်းက ကိုယ့်ကို စီနီယာရှောင်းလို့ခေါ်တာ။ နောက်တော့ လောင်ကုန်းလို့ခေါ်တယ်။ ခုရော ဘယ်လ်ိုခေါ်ချင်လဲ "

The Way I Still Love YouWhere stories live. Discover now