𝙀𝙒𝙓 2 ♡

5.6K 414 23
                                    

(Unicode)

^ချင်းအိမ်ရှေ့စံရဲ့ကြင်ယာတော်လောင်းက ရှောင်းသခင်ကြီးနဲ့အစေခံမလေးရဲ့သား^

ရှောင်းကျန့်ကရှောင်းသခင်ကြီးရဲ့မတရားသိမ်းပိုက်ချင်းကိုခံရတဲ့ အစေခံမလေးနဲ့ရတဲ့သားဖြစ်တယ် ရှောင်းသခင်ကြီးက သူအမွေဆက်ခံဖို့သားယောက်ျားလေးလိုချင်တာဖြစ်ပေမယ့် ပထမဇနီးက သမီးမိန်းကလေးနှစ်ယောက်သာဖွှားမြှင့်ပြီး နောက်ထပ်သား/သမီးမရတာကြောင့် ရုပ်ရုပ်ရည်ချောမောတဲ့စေခံမလေးကိုမတရားသိမ်းပိုက်လိုက်တာဖြစ်တယ် အစေခံမလေး ကိုယ်ဝန်ဆောင်စဉ်က ရှောင်းသခင်ကြီးကသားယောက်ျားလေးဖြစ်ဖို့အရမ်းမျှော်လင့်ထားခဲ့တယ် မွေးဖွှားချိန်သားယောက်ျားလေးဖြစ်ပေမယ့် ကောတစ်ယောက်ဖြစ်တာမို့ စိတ်ပျက်ချင်းများစွာနဲ့ သူ့သားကိုဂရုမစိုက်ပဲပစ်ထားလိုက်ခဲ့တယ်

ရှောင်းသခင်ကြီးကိုယ်တိုင်ကဂရုစိုက်မစိုက်ပဲပြစ်ပယ်ထားတာကြောင့် ရှောင်းကျန့်နဲ့ ရှောင်းမားက ပထမဇနီးနဲ့သမီးနှစ်ယောက်ရဲ့အမျိုးမျိုးသော်နှိပ်ဆက်မူကိုခံခဲ့ရတယ် ရှောင်းကျန့်ကရှောင်းသခင်ကြီးရဲသွေးသားအရင်းဖြစ်ပေမယ့် ရှောင်းအိမ်တော်မှာနေရတဲ့အဆင့်က အစေခံတွေထက်ကိုနှိမ့်ကြသေးတယ် ရှောင်းကျန့်မားကအစေခံဖြစ်ခဲ့တဲ့အတွက် ရှောင်းကျန့်ကို သူးပါးပါးဖြစ်တဲ့ရှောင်းသခင်ကြီးနဲ့ရှောင်းအိမ်တော်အပေါ် မုန်းပွားစိတ်နဲ့ရန်ငြိုးမထားဖို့အမြဲဆုံးမသွန်းသင်ခဲ့တယ် ရှောင်းကျန့်ကသူ့မား မဆုံးခင်အချိန်ထိ ရှောင်းအိမ်တော်အပေါ်ကိုဘာရန်ငြိုးစိတ်မှာမရှိခဲ့ဖူးဘူး ဒါပေမယ့်ရှောင်းကျန့် အသက်16နှစ်အရွယ်မှာ ရှောင်းကျန့်မားဟာ ပထမဇနီးရဲ့မတရားရိုက်နှက်ချင်းခံရပြီး အပြင်းဖျားခဲ့တယ် ရှောင်းကျန့်က သမားတော်ခေါ်ပေးဖို့ အနူးညွှတ်ဒူးထောက်တောင်းပန်ပေမယ့် ဘယ်သူကမှဂရုမစိုက်ခဲ့ကြဘူး ရှောင်းသခင်ကြီးကအစပေါ့ ဆေးကုသမူမခံရတဲ့ရှောင်းမားကအပြင်းဖျားရာကနေအသက်ပါဆုံးသွားခဲ့တယ် အဲ့အချိန်ကစလိုရှောင်းကျန့်က ရှောင်းအိမ်တော်အပေါ်ကို တစ်စစမုန်းတဲ့စိတ်များလာပြီး ရှောင်းအိမ်တော်တစ်ခုလုံးကို ရန်ငြိုးထားခဲ့တယ် တစ်ချိန်ရင်သေချာပေါက်ပြန်ကလဲ့စားချေမယ်လို့လဲ သူကိုယ်သူကတိပြုခဲ့တယ်

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now