𝙀𝙒𝙓 4 ♡

4.8K 363 17
                                    


(Unicode)

^ချင်းအိမ်ရှေ့စံရဲ့ကြင်ယာတော်လောင်းကလဲ့ဧကရာဇ်ဝမ်ရိပေါ်ကိုသဘောကြသွားပြီး^

သူ့အရှေ့ကရှောင်းကျန့်ကိုရိပေါ်ကအသာလေပြန်တိုက်နိုင်ပေမယ့် ရှောင်းကျန့်ထိခိုင်မှာစိုးတာကြောင့် အသာလေပဲငြိမ်နေပေးလိုက်တယ်

"ကျွန်တော့်အဆောင်ထဲခိုးဝင်ပြီး နမ်းတာအားမရလို့ အခုကျွန်တော်အနောက်ပါ နောင်ယောင်ခံလိုက်နေပြန်တယ် ကျွန်တော်လိုကြင်ယာတော်လောင်းတစ်ယောက်စီကဘာလိုချင်တာများရှိလိုလဲ ဝမ်သံတမန် ဒါမှမဟုတ် ဝမ်အရှင်မင်းကြီးလိုခေါ်ရမလား"

"အဟက်....သေချာပေါက်ကိုယ်လိုချင်းတာကမင်းကလွဲရှိပါဦးတော့မလားကွာ"

သူ့လည်းပင်ကိုဓားနဲထောက်ပြီး သူ့ကိုပြုံးပြုံးလေးနဲ့ပြောနေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်မအံဪဘူးလိုပြောရင်တကယ်လိမ်ရာကြမယ်
ရှောင်းကျန့်အဆောင်တစ်ခုလုံးကို အိပ်ငွေ့ဆေးချပြီးမှခိုးဝင်တာတောင် ရှောင်းကျန့်ကသူခိုးဝင်တာကိုသိနေတယ် ဒါ့အပြင် သူဘယ်သူလဲဆိုတာကိုပါသိနေသေးတယ် အခုလဲရှောင်းကျန့်က သူ့ကို‌နန်းတော်အပြင်ထွက်လာအောင် လှည့်စားလိုက်တယ်ဆိုတာရိပေါ်ကသဘောပေါက်သွားတယ် ရှောင်းကျန့်ကိုနူးနူးညံညံယုန်ဖြူလေးလိုထင်နေတာ တကယ်တန်းတော့မြေခွေးဖြူလေးဖြစ်နေတာပဲ့
ရှောင်းကျန့်ကသူနဲ့ကစားချင်းနေမှတော့ သူကပါလိုက်ကစားပေးရတာပေါ့ သူအတွက်အဓိက ကရှောင်းကျန့်စိတ်ချမ်းသာဖို့ပဲမလား

"ချင်းတိုင်းပြည်ကအိမ်ရှေ့စံရဲ့ကြင်ယာတော်လောင်းကိုလိုချင်မက်မောနေတာက ချင်းတိုင်းပြည်နဲ့စစ်ကြော်ငြာချင်နေတဲ့သဘောလား"

"ရှောင်းကိုပိုင်ဆိုင်ရဖို့ဆိုရင် ချင်းတိုင်းပြည်မကလို့ နတ်ဘုရားတွေကိုပါ ကိုယ်တော်စစ်ကြော်ငြာရဲတယ်"

ရိပေါ်ရဲ့စကားကိုရှောင်းကျန့်ကတကယ်သဘောကြသွားတယ် သူ့အရှေ့မှာရှိနေတဲ့ဝမ်အရှင်က ကြားရတဲ့သတင်းတွေထဲကထက်ကိုပိုမိုဆွဲဆောင်မူရှိတယ် ဝမ်အရှင်ရဲ့ မဲနက်နေတဲ့မျက်လုံးတွေကိုလဲသဘောကြတယ် ထင်းနေတဲ့နှာတံနဲ့မေးရိုးတွေကိုလဲသဘောကြတယ် သူကိုလာခိုးခိုးနမ်းတက်တဲ့နီညိုရောင်သန်းနေတဲ့ နှုတ်ခမ်းလေးကိုလဲသဘောကြတယ် စစ်ပွဲအလီလီနွဲခဲ့ရတာကြောင့် အညိုဖက်သန်းနေတဲ့အသားရေကိုလဲသဘောကြတယ် ဝမ်အရှင်ရဲ့ခန့်ညားတဲ့ကိုယ်လုံးကိုယ်ပေါက်ကလည်းရှောင်းကျန့်ကိုစိတ်တိုင်းကြစေတယ် ဝမ်အရှင်ရဲ့အလုံးစုံသောအရာတိုင်းကိုရှောင်းကျန့်ကသဘောကြနေမိတယ် လိုချင်သက်မက်မူအပြည့်နဲ့သူကိုကြည့်နေတဲ့အကြည့်တွေကိုတော့သဘောအကြဆုံးပဲ့

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)حيث تعيش القصص. اكتشف الآن