3333

65 5 0
                                    


လူတွေဟာ ကိုယ့်အကြောင်းနဲ့ကိုယ်
သောက်ကျိုးနည်းနေကြ

နေချင်တဲ့သူက နေပြီး
မနေချင်တဲ့သူက ထွက်သွားတယ်

ဝေဖန်စရာသောက်ကြောင်းတစက်မှ မရှိ

အဝေးကမြင်နေရတဲ့ မီးက ဘယ်ပူပါ့မလဲ

ရှင်ကျန်ရစ်တဲ့သူတိုင်းကလည်း
သူရဲကောင်း မဟုတ်

သေဆုံးသွားသမျှသူတိုင်းကလည်း
စိတ်ဓာတ်ပျော့ညံ့သူ မဟုတ်

လူတွေဟာ ကိုယ့်အကြောင်းနဲ့ကိုယ်
သောက်ကျိုးနည်းနေကြတာ

ကြည့်တဲ့ရှုထောင့်မတူရင်
အမြင်မတူဘူး ဆိုပေမယ့်

ဒါဟာ လူယုတ်တွေအတွက် လက်သုံးစကားမဖြစ်သင့်

မအေးချမ်းတဲ့စိတ်နဲ့ မေတ္တာသုတ်ရွတ်တဲ့အခါ
တကယ်အေးချမ်းမှုရသလား

ကိုယ့်ကိုလာဟပ်မှ မီးက ပူမှန်းသိတဲ့အခါ
ကိုယ်ချင်းစာတရားဆိုတာ တွင်တွင်ပြောကြ

ဝေဖန်ခြင်းတွေဟာ သေတဲ့သူတောင်
ကောင်းကောင်းပေးမနေ

ငါလည်းမေးချင်သေးတယ်

သံသရာဟာ လည်နေတယ်
လူတွေဟာ သေဆုံးပြီးရင်း ပြန်မွေးဖွားရင်း
ဘဝတခု အစပြုကြရင်း
ဘဝတခု အဆုံးသတ်ကြရင်း

စ သ ဖြင့် ပေါ့

ဒါပေမယ့် သေဆုံးခဲ့ခြင်းကို မှတ်မိနေသူ
ဘယ်နှစ်ယောက် ရှိသလဲ

သေဆုံးခြင်းရဲ့ အခြားတဖက်ကိုရော
တိတိကျကျ သိသူ
ဘယ်နှစ်ယောက်ရှိသလဲ

တခါတရံ
လူတွေဟာ နေမပျော်လို့သေကြတာထက်
အသက်ဆက်ရှင်ဖို့
လုံလောက်တဲ့ အကြောင်းပြချက်မရှိလို့
ဆက်မနေကြတာ များတယ်

ငါလည်း စာတတ်ပေတတ်
စာဖတ်ပေဖတ် ပုဂ္ဂိုလ် တွေနဲ့
မငြင်းခုံချင်ပါဘူး

အောင်မြင်ရေးကျမ်းတွေနဲ့ တက်ကျမ်းတွေဟာ
စိတ်အဆာပြေတခု ဆိုတာ လက်ခံပြီးနောက်
Fanfiction တွေပဲ ဖတ်ဖြစ်တော့တာမို့

ငါ့ခေါင်းထဲမှာလည်း
သူများနဲ့မတူတဲ့
ခပ်ကြောင်ကြောင် အတွေးတွေပဲ
ရှိပုံရ

ပြောချင်တာက
လူတွေဟာ ကိုယ့်အကြောင်းနဲ့ကိုယ်
သောက်ကျိုးနည်းနေကြတာကိုပါ

ငါလည်းသောက်ကျိုးနည်းနေတယ်
မင်းလည်းသောက်ကျိုးနည်းနေတယ်
သူလည်းသောက်ကျိုးနည်းနေတယ်

ဒါဆို ဘာကြောင့် သောက်ပိုဝေဖန်ရေးတွေ
လုပ်နေဦးမှာလဲ

မဟုတ်မှလွဲရော
မင်းက အားလုံးထက်
ပိုသောက်ကျိုးနည်းနေတယ်လို့များ
ခံ စား နေ ရ တာ လား

12:56pm
Oct26,2022
HHH







🖤Fragile Truth🖤Where stories live. Discover now