Intro

76 6 0
                                    

Unicode..

"ဒိုင်း!"

မိုးခြိမ်းသံများကြားမှ ကျယ်လောင်စွာထွက်ပေါ်လာသော သေနတ်သံ။

ထိုသေနတ်သံနှင့်အတူ လဲကျသွားသောလူတစ်ယောက်။

စီးကျလာသောသွေးစက်တို့က သူ့အပြစ်များကိုကျေစေချင်သလို။

ရွာကျနေသောမိုးစက်များကြောင့် ထိုသူ၏ဘေးပတ်ပတ်လည်တွင် တစ်ခဏအတွင်းသွေးများအိုင်အဖြစ် ဖြစ်ထွန်းသွားလေသည်။

ရှုပ်ထွေးရောပြွန်းနေသောခံစားချက်များ၊နာကျင်မှုများကြား သူ့အသိစိတ်တွေကဝိုးတိုးဝါးတား။

တစ်စုံတစ်ယောက်မှသူ့နာမည်အား ကျယ်လောင်စွာအော်ခေါ်နေသံကြားလိုက်ရပေမဲ့လည်း ထိုအသံနှင့်ထိုအသံပိုင်ရှင်အားသူလျစ်လျူရှုချင်သည်။တစ်နည်းအားဖြင့် ထိုလူရဲ့ဘေးနားကနေ မြူမှုန်တစ်မှုန်လိုသူပျောက်ကွယ်သွားချင်သည်။

ရွာကျလာသောမိုးရေစက်များနှင့်အတူ ရေငွေ့လိုပျောက်ကွယ်သွားချင်သည်။

အနားနားနီးကပ်လာသော ထိုလူ၏မျက်နှာအားဝိုးတိုးဝါးတားသာမြင်တွေ့ရသည်။ထိုသူရဲ့ အမြဲတမ်းတင်းမာစွာထားတတ်သောမျက်ဝန်းတွေကို သူထပ်တွေ့လိုက်ရသည်။ဒါပေမဲ့ သူ့အမြင်များမှားနေသလား ထိုမျက်ဝန်းထဲကနေ မျက်ရည်များစီးကျနေကြောင်းသူမြင်နေတာ သူအမြင်မှားနေတာလား။

ဒါမှမဟုတ်....သူသေတော့မှာမို့ မြင်ချင်တာတွေများလျှောက်မြင်နေတာလား။

သူကတကယ့်ကို အရူးပါပဲလေ။

ထိုသို့အတွေးများနှင့် ထိုသူ သူ့အားခေါ်လိုက်သော နောက်ဆုံးအသံနှင့်အတူ သူ့ရဲ့အသိဥာဏ်တွေ သူ့မျက်ဝန်းတွေကလေးလံစွာပိတ်ကျသွားတော့သည်။

"မဟာ!!!"

.
.
.
.
.
.
.
.
.
.
.
.
.

သည်းထန်စွာရွာသွန်းသောမိုးရေစက်များကြား လဲလျောင်းနေသောလူတစ်ယောက်နှင့်အတူ ထိုလူအားဖက်ကာ ထိုသူ၏နာမည်အားကျယ်လောင်စွာအော်ခေါ်နေသောလူ။

ထိုလူသားနှစ်ဦးအတွက် ကံကြမ္မာကဤကဲ့သို့ပင်ဆောင်ကျဥ်းခဲ့လေသလား။

ကံကြမ္မာကသူတို့အား ပျော်ရွှင်ခြင်းဆိုသည့်အရာမှ သွေဖယ်ထားလေသလား။

အကယ်၍ ကံကြမ္မာဆိုသည့်အရာကိုသာတစ်ဖန်ပြန်၍ပြုပြင်ပြောင်းလဲခွင့်ရှိရင် ထိုလူနှစ်ဦး၏ကံကြမ္မာအား မည်သည့်နေရာမှစ၍ပြုပြင်ပြောင်းလဲရမည်နည်း။

ကလဲ့စားဆိုသည့်အရာ‌ေတွ၊အမုန်းတွေ၊ရန်ငြိုးဆိုတာတွေမရှိခဲ့အောင်....။

*****************************

𝔸𝔾𝔸𝕀ℕDove le storie prendono vita. Scoprilo ora