Part-1

24 4 0
                                    

Unicode...

လူတွေရဲ့အော်ဟစ်အားပေးမှုတွေကြား အပြာရောင်ပြိုင်ကားလေးသည် အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်နေလေသည်။အကွေ့အကောက်များကိုသပ်ရပ်လှပစွာမောင်းနှင်ပြီး အခြားပြိုင်ကားတစ်စီးကို သာသာယာယာပဲကျော်တက်ကာ အားလုံး၏ရှေ့တွင်အသာစီးဖြင့်ဦးဆောင်မောင်းနှင်နေလေသည်။

အရှိန်ထပ်တင်ရန်အတွက် လီဗာအားဖိနင်းကာ ကြော့ကြော့မော့မော့ပင်ပန်းဝင်ခဲ့လေသည်။

ထိုသို့အနိုင်ရခြင်းအတူ အားပေးကြသူများ၏အသံများကညံလာလေတော့သည်။

" ‌ေဟး......မဟာ!"

"မဟာ..မဟာ!!"

"မဟာ!!"

ထိုအသံများကြောင့် အောင်နိုင်သူအပြုံးနှင့် ကားပေါ်မှခန့်ခန့်ညားညားဆင်းလာလေသည်။

နောက်သို့လှန်တင်ကာစီးထားသော သူ့ရဲ့ဆံပင်များအားဖြည်ချကာ သပ်သပ်ရပ်ရပ်ပဲသူနားရမည့်နေရာသို့သွားလိုက်သည်။

ထိုသူ၏အမည်မှာကား "မဟာကုဋေ" ပင်။

မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားနေသည့် မဟာကုမ္ပဏီ၏ အငယ်ဆုံးသားပင်ဖြစ်သည်။

"ဟေး..မဟာ"

သူနှင့်အတူ အနောက်မှပါလာသောသူမှ ခေါ်လာခြင်းဖြစ်သည်။

"အင်း ဇေယျ မင်းငါ့ကိုရှုံးသွားပြီနော်"

"ဟဟ အေးပါကွာ။မင်းကိုစိန်ခေါ်မိတဲ့ငါကကိုကမှားတာပါ။ပြောထားတဲ့အတိုင်း တစ်ဝိုင်းကွာ"

ထိုသို့ပြောကာ သူ့ဘေးခုံတွင်ဝင်ထိုင်လာသောဇေယျအား တစ်ချက်ပြုံးကြည့်ကာပြောလိုက်သည်။

"ဒီလောကမှာ ငါ့ကိုနိုင်မဲ့သူမမွေးသေးဘူး"

ဘေးနားရှိမဟာ့စကားကြောင့် ဇေယျလည်းအောင့်သက်သက်နှင့်ငြိမ်ခံနေလိုက်ရသည်။

ဟုတ်တော့လည်းဟုတ်သည်။ကားမောင်းယှဥ်ပြိုင်သည့်နေရာတွင် မဟာ့အားနိုင်ဖူးသည့်လူဟူ၍တစ်ယောက်မျှမရှိပေ။နိုင်ငံခြားမှာကျောင်းသွားတက်လို့ သူ့ရဲ့ပညာတွေလျော့သွားပြီထင်နေတာ။ဒါ့ကြောင့် သူပြန်ရောက်တော့တစ်ပွဲတစ်လမ်းပြိုင်ရအောင်ဆိုပြီး စိန်ခေါ်လိုက်တာ။ဒါပေမဲ့ ဒီကောင့်ရဲ့အစွမ်းကတော့ နဂိုအတိုင်းပင်။

Você leu todos os capítulos publicados.

⏰ Última atualização: Apr 17 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

𝔸𝔾𝔸𝕀ℕOnde histórias criam vida. Descubra agora