15

329 34 2
                                    


" ဟေး ပီ... မနက်ဖြန် ကျွန်တော့်မွေးနေ့ ...အခန်းမှာ ပါတီလုပ်မှာ လာခဲ့မယ်မို့လား "

ဘုတ် ရဲ့စကားကြောင့် ထမင်းစားနေတဲ့ ဝင်း က သူ့ဘေးကဖိုစ့်ကိုလှမ်းကြည့်သည်။ ဖိုစ့်က ဘာမှမပြောပဲ မျက်နှာထားတည်တည်ကြီးနဲ့ပဲနေနေတော့ သူလည်း ခေါင်းငြိမ့်လိုက်သည်။

သူတို့က ကုမ္ပဏီအောက်ထပ်က နေ့လည်စာစားတဲ့နေရာမှာ ထိုင်နေတာဖြစ်ပြီး အမအမ် ကတော့ အလုပ်ပျက်သည်။

ဖိုစ့်က ဘုတ်ကိုအပေါင်းအသင်းမလုပ်ဖို့မပြောရုံတမယ်သာရှိသည်။ အမြဲတမ်း ပူးတွဲနေရင်ကိုကွယ်ရာကျ အဆူအပြောခံရတာမို့ ဝင်း မှာ အသိနဲ့သတိနဲ့ကပ်နေရသေးသည်။
အခုတော့ ကာယကံရှင်က ပက်ပင်းကြီးဖိတ်တာကြောင့် ငြင်းရခတ်လှသည်။

" လာခဲ့မယ်လေ..."

ဝင်း ရဲ့ဖြောင့်ဖြောင့်တန်းတန်းမငြိမ့်နိုင်တဲ့ အပြုအမူကို ဘုတ်က မသိသလိုဟန်ဆောင်ကာ လာဖို့ပဲ တွန်းအားပေးသည်။

" မနက်ဖြန်ည ၈ နာရီနော် အကို လက်ဆောင်မယူခဲ့ပဲနဲ့ အလုပ်ကနေသာတန်းလာခဲ့တော့၊ ကျွန်တော် line ကနေ location ပို့ထားလိုက်မယ်နော် "

" အွန်း အိုခေ အိုခေ..."

ဘုတ်ကလည်းအနည်းငယ်မျက်နှာပြောင်တိုက်ပါရဲ့ ၊ နှစ်ယောက်ယှဉ်ထိုင်နေတာတောင် ဘေးက ဖိုစ့်ကို ဖိတ်မသွားပေ။ဒါသည် တမင်တကာလုပ်ရပ်မှန်း နှစ်ဘက်လုံးသိကြပါ၏။

" မင်းကောလိုက်မလား "

ဘုတ်ထွက်သွားတော့ ဘေးနားကနေ ကြက်ရိုးကိုက်နေတဲ့ ဖိုစ့်ကိုလှမ်းမေးလိုက်သည်။ ဖိုစ့်ကသူ့အမေးကိုကြက်ရိုးထက်ပိုစိတ်မဝင်စားသည့်နှယ် အတော်ကြာ ကိုက်ပြီးမှပြန်ဖြေသည်။

" ငါ့မှမဖိတ်တာ ငါဘာလို့သွားရမှာလဲ "

ဖိုစ့် ရဲ့ခပ်မာမာစကားကြောင့် ဝင်း လည်း သက်ပြင်းချကာ

" မင်းတို့အရင်ကဘာတွေဖြစ်ခဲ့ကြတာလဲ အမြဲတမ်း မတည့်ဖြစ်နေကြတာ၊ ကြားထဲက ငါက ဓားစာခံလေးလိုပဲ "

ဝင်း ရဲ့စကားကို ဖိုစ့်က ဘဝင်မကျဖြစ်ကာ မျက်ခုံးကြုံ့ရင်း

I'm Fell (U+Z)Where stories live. Discover now