ကိုကို ငါနဲ့တွဲ

747 48 2
                                    

အသင်းခွဲထားသည့် စာရွက်များအား အတန်းခေါင်းဆောင်နဲ့အတန်းပိုင်တို့ အခန်း၀တွင်ကြိုးစားပန်းစားကပ်နေကြသည်။

32 ယောက်ရှိသောအခန်းမို့ တသင်းတွင်အနည်းဆုံးငါးယောက်ခြောက်တော့ပါမည်ပင် ။

စိုးမိုးလွန်းတို့အဖွဲ့ကတော့ သူတို့ဘယ်အသင်းလည်း ဘယ်အသင်းသားတွေနဲ့ကြမလည်း နည်းနည်းတောင်စိတ်မ၀င်စား ။ ညကဆော့ခဲ့ကြသော ဂိမ်းအကြောင်းကိုသာ အားရပါးရပြန်ပြောနေကြသည် ။

လွန်းမေငယ်နဲ့ နိုင်သွေးစစ်မှာတော့ ဖင်မငြိမ်တော့ ။

" တူတူကြရင်ကောင်းမှာပဲ "

နိုင်သွေးစစ်သည်သူမတိုးတိုးဖွဖွလေးရွတ်လိုက်တာမို့ လွန်းမေငယ်ကြားသွားလိမ့်မည်ဟူ့မမျှော်လင့်ထား ။

" ငါနဲ့လား "

.'........'

" အင်းနင်နဲ့ပေါ့ "

မုသားတ၀က်ရောလျက် အဖြေပြန်ပေးမိပြန်သည် ။ လွန်းမေငယ်နဲ့ကြချင်သလို သူနဲ့လည်း တသင်းထဲကြချင်ပါ၏။

ရင်ခုန်တယ်ဆိုတာဒါမျိုးလားမသိပေမဲ့ အသင်းခွဲပေးထားသည့်စာရွက်လေးအားကြည့်ရဖို့အရေး နိုင်သွေးစစ်တယောက်ခြေဖျားလက်ဖျား​များပင် အေးစက်လာသည် !

" အမ် ဒါကြီးကတော့ ကျက်သရေတုန်းလွန်းတယ်မထင်ဘူးလား "

လွန်းမေငယ်မှာ အံသြလွန်း၍ ဆဲသံလေးပင်ထွက်သွားရသည် ။ နိုင်သွေးစစ်တယောက်လည်း ဆွံအသွားရသည် ။

အသင်းခွဲပေးထားသော စာရွက်များအား အလုအရက်ကြည့်နေကြသော အတန်းသားများကျဲသွားသည်ထိ သူမတို့နှစ်ယောက် မယုံနိုင်စွာကြည့်မိနေဆဲ

အပြာရောင်စာရွက်လေးပေါ်တွင် ကွန်ပြူတာစရိုက်နှိပ်ထားသော ဗန္ဒူလ အသင်းဆိုသည့်စာသားအောက်တွင်ရှိနေသည့်နာမည်များမှာ

1 စိုးမိုးလွန်း (အသင်းခေါင်းဆောင် )
2 ထွန်းတောက်နိုင်
3 မင်းခေတ်ရိုင်း
4 အာကာမိုးတိမ်
5 လွန်းမေငယ်
6 အင်ကြင်းမွှေး
7 နိုင်သွေးစစ်

စာရွက်အားမမြင်ရခင်က နိုင်သွေးစစ်ရင်ခုန်ဖူးပါသည် ။သူနဲ့သာ အတူတူဆိုရင်လို့..... သို့သော် ...သုံးယောက်လုံးနဲ့တသင်းထဲကြတာကတော့ ..အတော်ကိုစိတ်ဆင်းရဲစရာပါပဲ ။ ဒီအရှုပ်ထုပ်တွေက တခြားကောင်တွေထက်စာရင်အားကိုးရပေမဲ့ လွန်းလေးကိစ္စကြောင့် စိုးမိုးလွန်းအားကြည့်မရ ။ သူနဲ့အတူယဥ်တွဲ၍ ထွန်းတောက်နိုင်ကိုလည်း ကြည့်၍မရပါ။

ချစ်ခြင်းမေတ္တာအားဤအရပ်တွင် တွေ့ရှိနိုင်သည်Where stories live. Discover now