မောင့် ..ကို..တာ..၀န်..ယူ

913 38 10
                                    


" ရှစ် "

ခေါင်းတခုလုံးကိုက်ခဲနေသော ၀ေသနာသည် မာမီဆုံးပီထဲကစွဲကပ်နေသောအရာဖြစ်သည် ။ ခေါင်းကိုအပ်တွေနဲ့ ၀ိုင်းထိုးနေသလို တုနဲ့ထုခံနေရလို့ ပေါက်ကွဲထွက်တော့မလို ဘာမှမတွေးနိုင်လောက်အောင် ကိုက်ခဲနေသော ရောဂါသည် ဘာကြောင့်ဖြစ်သလည်းမသိ

အိပ်ရာထက်က အားယူထလိုက်ရင်း ရေချိုးခန်းရှိရာဆီ ကြိုးစားလျှောက်လာပီးနောက် ရေပန်းဖွင့်ချလိုက်သည် ကိုက်ခဲနေသော ခေါင်းအား သက်သာလိုသက်သာညား ရေအေးအေးဖြင့် ထိတွေစေနေမိသည်

" ဟဲလို တီငယ်သားလေး ကြည့်စမ်းပါဦး လူပျိုလေးဖြစ်လာပီကို "

"  နေကောင်းတယ်နော် "

" ကောင်းပါတယ်သားရယ် ဒီလိုပဲ ဆေးရုံနဲ့အိမ်နဲ့ကူးရင်းအချိန်ကုန်နေတာ "

" ငါကျောင်းသွားတော့ရမယ်  ဘာလို့ ဒီချိန်ထိအိပ်နေရတာလည်း ဖယ်စမ်း"

" နေပါဦး နေပါဦးတခုခုလွဲနေသလိုပဲ  သားကဘာလို့သမီးအခန်းထဲရောက်နေရတာတုန်း "

" အိပ်ရာသစ်ဆိုမအိပ်တတ်လို့ "

မျက်စောင်းထိုးပီး၀င်သွားသော လွန်းမေငယ်အား ကြည့်ရင်းဒီမဟာက ခပ်ရေးရေးလေးပြုံးသည် ။ ဒီလိုနွေးနွေးထွေးထွေးလေ ကြိုဆိုခံရတော့ ခေါင်းကိုက်နေတာတောင် သက်သာသွားသလိုပင်

" သား ဘာစားချင်လည်း တီတီချက်ကျွေးမယ် အားမနာနဲ့ဘယ်လောက်နေရတယ် "

" တီတီ "

တခွန်းမေးမှတခွန်းပြောတဲ့ကောင်လေးက သူမကိုနူးနူးညံညံလေးခေါ်လာသည်မို့ အခုမှအတိတ်က ကလေးလေးကိုပြန်တွေ့လိုက်ရသလို နှင်းနု
တယောက် မျက်ရည်ကြည်များပင် ၀ဲတတ်လာရသည် ။ အကိုသိပ်ချစ်တဲ့ကလေးလေ အကို အခုနှင်း ရှေ့ကအရွယ်ရောက်နေတဲ့ကောင်လေးပေါ့

" ဟင်သားလေး တီတီက ငါ့သား လေးအဲ့လိုခေါ်တာကိုလွမ်းနေတာ "

ပြုံးရုံပြုံးပီးခေါင်းခါပြလိုက်တဲ့ ဒီမဟာသည် သူပြောချင်သည် စကားတချို့အား မျိုသာချထားလိုက်ရသည် ။

" တီတီ ကျွန်တော်နောက်ဆို အမြဲခေါ်နေလွန်းလို့ လွမ်းမှာမဟုတ်တော့ဘူး "

ချစ်ခြင်းမေတ္တာအားဤအရပ်တွင် တွေ့ရှိနိုင်သည်Where stories live. Discover now