(1)

1.1K 16 0
                                    

Uni

မနေ့က ဘေးအိမ်ကို လူသစ်တွေ ပြောင်းလာကြတယ်။
ဘေးအိမ်က အိမ်ငှားထားတာဆိုတော့ မကြာခဏ လူတွေ တက်လိုက်ဆင်းလိုက်ပေါ့။
ဒီတစ်ခါရော ဘယ်သူတွေ ရောက်လာမလဲဆိုပြီး ဖူးပွင့် ပြတင်းပေါက်ကနေ စပ်စုရင်း ချောင်းကြည့်လိုက်တယ်။
ကျောင်းပိတ်ရက်ဆိုတော့ ပျင်းနေတာလည်း ပါတာပေါ့လေ။
တော်တော်ကြာကြာ ကြည့်နေတာတောင် ဘာအရိပ်အယောင်မှ မတွေ့ရဘူး။

"သမီးရေ....ဖူးပွင့်"

မေမေ အောက်ထပ်ကနေ အော်ခေါ်သံ ကြားလိုက်ရပါတယ်။

"လာပြီ မေမေ"

အောက်ဆင်းလာတော့ ဧည့်ခန်းထဲမှာ ဧည့်သည်တွေ ရောက်နေပါတယ်။

"မေမေ ဘာခိုင်းမလို့လဲ"

"သမီးနဲ့ မိတ်ဆက်ပေးမလို့"

ဖူးပွင့်တစ်ခါမှ မတွေ့ဖူးတဲ့သူတွေမို့ ကြောင်တောင်တောင် ဖြစ်နေပါတယ်။
အရေးတယူ မိတ်ဆက်ပေးရလောက်အောင်လည်း ဖူးပွင့်က ဒီအိမ်မှာ ကလေးပါ။

"သမီး.....
ဒီအန်တီက ဟိုဘက်အိမ်ကို မနေ့က ပြောင်းလာတာ"

သြော်....အဲဒါကြောင့် ငါ ချောင်းကြည့်တာ ဘယ်သူမှ မတွေ့တာကိုး

"ဟုတ်ကဲ့"

"သမီးလေးက ချစ်စရာလေးပဲ
အန်တီတို့က ဘေးအိမ်ကပါ
သမီးက ဘယ်နှတန်းရောက်ပြီလဲ"

"ကိုးတန်းတက်မှာပါ အန်တီ"

"ဒါဆို သားနဲ့ ရွယ်တူပဲပေါ့
သားလည်း ကိုးတန်းတက်မှာ
သမီးက အထက ၂မှာ တက်တာလား
အန်တီတို့ကတော့ သားကို အိမ်နားနီးတဲ့ အထက၂မှာပဲ တက်ခိုင်းမလို့"

"ဟုတ်ကဲ့ သမီးလည်း ထ၂မှာပဲ တက်တာပါ"

"ဒါဆို သားအဖော်ရပြီ
သား သူငယ်ချင်းကို မိတ်ဆက်လိုက်ဦး"

အန်တီ့ဘေးနားက ကောင်လေးကို အခုမှ သေချာကြည့်မိပါတယ်။
အသားဖြူဖြူ ခပ်ပိန်ပိန်နဲ့ အရပ်ကတော့ ဖူးပွင့်ထက် ရှည်လောက်ပေမဲ့ ထိုင်နေတော့ သိပ်မသိပါဘူး။
သူ့အမေဘေးမှာ အပြုံးအရယ်မရှိ ခပ်တည်တည်နဲ့ ထိုင်နေပါတယ်

"ကျွန်တော့်နာမည် ပိုင်ပါ
အခုနှစ် ကိုးတန်းတက်မှာ"

"ဟုတ်ကဲ့ ဖူးပွင့်ပါ"

BeliefWhere stories live. Discover now