(8)

213 7 0
                                    

Uni

"ပိုင်.....
နောက်ကျနေပြီ ပြန်ကြရအောင်လေ"

"ဟာ....ဖူးပွင့်ကလည်း ကောင်းနေခါမှပဲ"

"ပြန်ရအောင်ပါ ပိုင်ရယ်

ကျောင်းပြန်တာနောက်ကျရင် အမေတို့ ဆူလိမ့်မယ်
နောက်မှ အေးဆေးတွေ့မယ်နော်"

"အင်းပါ....ဖူးပွင့်သဘောပဲ"

ပိုင့်မျက်နှာက မကျေမနပ်နဲ့ သုန်မှုန်နေပါတယ်

"ဖူးပွင့်...အရင် ပြန်ချင်ပြန်နှင့်
ပိုင် ဒီကိစ္စရှင်းပြီးမှ နောက်က လိုက်ခဲ့မယ်"

ပိုင်က သူ့အောက်ပိုင်းကို လက်ညှိုးထိုးပြပြီး ပြောပါတယ်

"ပိုင်က ဘယ်လိုရှင်းရဦးမှာလဲ
ဖူးပွင့်စောင့်မယ်လေ"

"တော်ပါပြီကွာ ဖီးလ်ကျဲတယ် တကယ်ပါပဲ....

ပြန်မယ် ထ......"

ပိုင် ပုဆိုးပြင်ဝတ်ပြီး အခန်းအပြင်ထွက်သွားပါတယ်

ဖူးပွင့်လည်း နောက်ကနေ ကမန်းကတမ်းပြေးလိုက်ရပါတယ်

.............................................

နောက်ရက် ကျောင်းရောက်တော့ ဖူးပွင့်သူငယ်ချင်းက

"ဖူးပွင့်.....စိတ်တော့မဆိုးနဲ့နော် ပြောစရာရှိလို့"

"ရပါတယ် ပြောတာ ဘာကိစ္စမို့လို့လဲ"

"မနေ့က ပါလာတဲ့ ဖူးပွင့်ကောင်လေးလေ ...........သူနဲ့တွဲနေတာ ကြာပြီလား"

"အင်း.....နည်းနည်းတော့ကြာပြီ ဆယ်တန်းလောက်ကတည်းကပဲ
ဘာဖြစ်လို့လဲ"

"မနေ့က ငါ့ကောင်လေးပြောတယ်လေ သူ့သူငယ်ချင်းတွေ ကွန်ပျူတာတက္ကသိုလ်မှာ ရှိတယ်ဆိုတာ အဲဒါ ငါတို့ သူတို့ကျောင်းကို သွားလည်တုန်းက နင့်ကောင်‌ေလးကို တွေ့ဖူးတယ်

သူက သူတို့ကျောင်းမှာ Kingလိုပဲ နာမည်ကြီးတယ် ကျောင်းမှာ ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာလို့လည်း ပြောကြတယ်

အဲဒါလေ.....ဟို....."

"နင်ရော သူတို့ တွဲနေတာ တွေ့ခဲ့လား"

"ဖူးပွင့် စိတ်ဆိုးသွားပြီလားဟင် .....ငါကိုယ်တိုင်လည်း တွေ့ခဲ့လို့ ပြောတာပါ မနေ့ကတောင် ငါတို့ မျက်နှာမပျက်အောင် မနည်းထိန်းထားရတယ်"

BeliefTahanan ng mga kuwento. Tumuklas ngayon