Zawgyi code

27 2 0
                                    

' ညီ..... 'တဲ့ ကောင်လေးတစ်ယောက်ကို ကျွန်တော်တိတ်တခိုးခေါ်နေမိသည့်
နာမ်စားလေးပေါ့ ။

၂၀၁၇ ဒီဇင်ဘာတစ်ရက်နေ့
ကျွန်တော့်အိမ်ဘေးကိုပြောင်းလာသည့် ထိုကောင်လေးကိုမြင်လိုက်ရသည့်အချိန်မှာ တစ်ချိန်က ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မြင်လိုက်ရသလိုပင်။
ထိုကောင်လေးဟာ ကျောင်းသားတစ်ယောက်
ဖြစ်ပြိိိီးအိမ်ပြောင်းလာသည့်နေ့မှစ
ကျောင်းနှင့်အိမ်
အိမ်နှင့်ကျောင်း သာသိပုံရသည်။
တစ်ခါတစ်လေ ဂျူတီကုပ်ဖြင့် မြင်ပုံထောက်လျှင် ဆေးကျောင်းသားဖြစ်မည်ဟု ကျွန်တော် ထင်မိ၏။
၃လကြာသည့်တိုင် ညီ ဆိုသည့်ထိုကောင်လေး ဟာ တစ်ခါမျှ
ပြုံးရယ်ခြင်းကျွန်တော်မမြင်ဖူးပေ။ မနက် ၇ နာရီထိုးလျှင် အိမ်မှကားဖြင့်
ကျောင်းသို့ပို့ခံရပြီး ညနေ ၄ နာရီထိုးလျှင် အိမ်သို့ပြန်လည်ရောက်ရှိလာပြန်သည်။

ပုံမှန်ပြန်ရောက်လျှင် ခြံရှေ့တွင်နာရိီဝက်ခန့် ခြင်းခတ်လေ့ရှိပြီး ည၇နာရီတွင်ပုံမှန် ကျွန်တော့်အခန်း၏မျက်နှာချင်းဆိုင်အခန်းအောက်ထပ်တွင် ညီ စာလုပ်လေ့ရှိသည်။ညီ့အခန်း၏ စာကျက်မီးအိမ်ဟာလည်း ညတိုင်း ညသန်းခေါင်ကျော်မှသာမီးမှိတ်လေ့ရှိသည်။
ထိုသို့ကျောင်းနှင့်အိမ် အိမ်နှင့်ကျောင်းကြားကညီဟာ အပြင်လာကကိုသိပ်သိပုံမရ။
ပျော်စရာလည်းသိပ်ရှိပုံမရ။ ထိုကြောင့် အရယ်အပြုံးနှင့်ကင်းဝေးကာ
လွန်ခဲ့သော ၄နှစ် ကျွန်တော်အဖေ့ကုမ္ပဏီမှာ
HR မဖြစ်ခင် ဖြတ်သန်းခဲ့ရတဲ့ကျောင်းသား
ဘဝကို ပြန်မြင်လိုက်ရသလိုပင် စာနှင့်သာငြီးငွေ့စရာကောင်းသည့်ဘဝတူအလျောက် ညိီ့ကိုကျွန်တော်ဂရုဏာသက်မိသည်။

ညီဟာကျွန်တော်နှင့်အတော်များများတူသည့်လူတစ်ယောက်ဖြစ်၏။ ။ ညီစာကျက်သည့်အခါ ပြတင်းပေါက်ဖွင့်ကျက်တတ်ပြီး လပြည့်ညတွေမှာ လကိုအတန်ကြာငေးနေတတ်သလို
လမိုက်ညတွေမှာလည်း ကြယ်တွေကိုငေးနေတတ်ပြန်၏။ ထိုအချက်တွေဟာ ကျွန်တော်နှင့်ထပ်တူကျသည့်အချက်တွေဖြစ်၏။ ထိုကြောင့်ပင် ညီ၏လှုပ်ရှားမှုများကို ကျွန်တော် လိုက်ကြည့်နေမိ၏။......... ဒီလိုနဲ့ပဲ ကျွန်တော်သူ့အပေါ် တစ်စတစ်စနဲ့ ခံစားချက်တွေရှိလာခဲ့မိသည်ထင်ပါရဲ့။

   ညီရှိရာရပ်ဝန်း... (one shot)Where stories live. Discover now