Chapter 13

5K 188 4
                                    

" မောနေပြီလား "

" ဟင့်အင်း "

လက်ထဲကလက်ကိုင်ပုဝါလေးကို ကလေးငယ်၏လက်ထဲထည့်ပေးလိုက်သည်။မော်နေမှာစိုးရိမ်သော်လည်းကလေးငယ်ကလန်းဆန်းတက်ကြွနေသောအပြုံးချိုချိုလေးဖြင့်ပြုံးပြလာသောအခါ၊မင်းရောင်ထင်ရင်ထဲအေးချမ်းသွားသည်။

မြူတွေစိုင်းနေသည့်ကြားကထွက်ပေါ်လာသောနေရောင်ခြည်သည်
မျက်နှာတည့်တည့်သို့ကျဆင်းလာသည်။တကျီကျီအော်မြည်နေသည့်
ငှက်ကလေးတွေရဲ့တေးသံကြား သူ့ကလေးသည် လွန်စွာမှပျော်ရွှင်နေသည်။
သူဒီကလေးကိုလက်လွှတ်ပေးနိုင်တော့မည်မဟုတ်ကြာလေကြာလေ
သံယောဇဉ်တို့ပိုပြီးခိုင်မာလာလေဖြစ်လာမိသည်။ဖြူစင်သောထိုကလေးပေါ်
အရောင်ပေါင်းမြောက်မြားစွာကိုဆိုးခဲ့မိလေပြီ။

" ဦးမင်းရောင် မြွေကြီးနှစ်ကောင် လာကြည့်လာလာ "

လက်ကိုဆွဲကာခေါ်သွားသောကလေး၏အနောက်သို့
ကပ်လျှက်သားလိုက်ပါလာသည်။လူတွေအုံနေတာကြောင့်
လူပိတော့မည့်ကလေးသေးသေးလေးကိုရင်ခွင်ထဲ
သိမ်းကာဖက်ထားလိုက်သည်။

ပါးပြင်းထောင်နေသည့်မြွေကြီးနှစ်ကောင်းအား
ကြည့်ရင်းသူ့မှာကြောက်လည်းကြောက်ပျော်လည်းပျော်ဖြစ်နေသည်။

" အင့် "

" ဘာလဲကလေး "

မဖြေသေးပဲ မြွေကြီးကိုကြည့်နေသည်ကလေးကြောင့်
သဘောပေါက်ကာသွားသည်။ပိုက်ဆံ5000တန်တစ်ရွက်
ပေးလိုက်တော့မုန့်ဖိုးရသည့်ကလေးလိုမျက်နှာလေးက
ပြုံးကာသွားသည်။မြွေနှစ်ကောင်၏ပါးစပ်ထဲသို့
ထိုပိုက်ဆံလေးအားလိပ်ကာထည့်လိုက်သည်။

" လူကြပ်တယ်ကလေး လာဟိုဘက်သွားရအောင် "

သူ့နောက်ကနေယက်ကန်ယက်ကန်နှင့်
လိုက်လာသည်။လှေကားအတိုင်းပြန်၍တောင်ပေါ်မှဆင်းလာလိုက်သည်။
ချွေးလေးတွေတွဲခိုနေသည့်ကလေး၏
နှဖူးပြင်လေးအားလက်ကိုင်ပုဝါလေးဖြင့်
သုတ်ပေးနေမိသည်။

" ကဲကဲ နေမြင့်ရင်ပူလာလိမ့်မယ် စောစောဆင်းရအောင်ဟေ့ "

ခေါင်းဆောင်အကို၏စကားကြောင့်
ဦးမင်းရောင်အားငေးကြည့်နေသော
သက်ပိုင်သတိဝင်လာသည်။သက်ပိုင်
ပြုံးပြလိုက်ပြီးတောင်ပေါ်မှပြန်ဆင်းရန်
ပြင်လိုက်သည်။

My Husband is U Min Yaung [ Completed ]Where stories live. Discover now