part 6

2.1K 176 6
                                    

ရိပေါ် နှင့် ရှောင်းကျန့် အတန်းခွင့်တိုင်ရင်း လျှိုယင်းယင်းအား ဆေးခန်းသို့ပို့ခဲ့ပြီးအပြန်...

"ရိပေါ် ညနေအတန်းချိန်ရှိသေးလား"

"......"

"ဟို...ဟိုလေ မရှိတော့ရင် တို့ကိုအိမ်ပြန်ပို့ပေးပါလား ဒေါက်ဖိနပ်ဆိုတော့ ကြာလာတော့ဖိနပ်ကပေါက်နေလို့"

"....."

"ရိပေါ်...."

"...."

"အယ်ခြေထောက်နာနေတာလား အဲ့တာဆိုတစ်ယောက်ယောက်ကကုန်းပိုးရင်သက်သာမယ်ထင်တယ်... ဝမ်ရိပေါ်!"

"အင်း"

ဝမ်ရိပေါ်က ရှောင်းကျန့်ရှေ့၌ဒူးထောက်ထိုင်ချလိုက်ရင်း ရှောင်ကျန့်၏ဖိနပ်နှစ်ဖက်ကိုအတင်းဆွဲချွတ်လာတယ်

"အယ်....ဝမ်..ဝမ်မျိုးရိုး!"

"ရော့ လျှိုယင်းကျဲ...စီးလို့အဆင်ပြေတယ်မလား"

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ဖိနပ်ကို လျှိုယင်းယင်းရှေ့သို့ပစ်ချလိုက်ရင်း ရှောင်ကျန့်ကိုကျောပေးဒူးထောက်ထိုင်ချလိုက်တယ်

"တက်"

"ဟမ်!"

"ကျောပေါ်တက်!"

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုလက်မှဆွဲယူလိုက်ရင် ကိုယ်တိုင်ပဲကျောပေါ်တင်ပိုးလိုက်တယ်

"ရိပေါ်....ဘာလုပ်တာလဲ"

ရှောင်းကျန့်ရဲ့တုန်တုန်ယင်ယင် ခပ်ဖျော့ဖျော့အသံလေးနဲ့အမေးကို သူမဖြေမိတော့
ဝမ်ရိပေါ်ကိုယ်တိုင်လည်းဘာတွေဖြစ်နေမှန်းမသိ

ရုတ်တရက် လျှိုယင်းကျဲကိုလည်းမနှုတ်ဆက်ပဲ ထထွက်လာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်လည်းမျက်နှာပူလှပါပြီ မြားနတ်မောင်လုပ်လာတဲ့သက်တမ်းတစ်လျှောက် သူအခုလောက်တစ်ခါမှ မျက်နှာမပျက်ခဲ့ရဖူးပါဘူး

"မင်းဘာတွေလုပ်နေတာလဲ ရိပေါ်!"

မသိဘူး ငါမသိဘူးရှောင်းကျန့်
ငါကငါ့နှလုံးသားအလိုကိုလိုက်တယ် ဒီလိုလုပ်ချင်စိတ်ပေါ်လာရင်ဒီလိုလုပ်လိုက်တာပဲ အကြောင်းပြချက်ရေရေရာရာမရှိဘူး ဒါပေမယ့် ငါကြားဖူးတာတော့ လူတွေကအန္တရာယ်တစ်ခုခုကြုံမှ အချစ်ကိုသတိထားမိတယ်တဲ့ ငါမင်းကို ဘာလို့ထိခိုက်မှာကြောက်လဲတော့ ငါမစဉ်းစားတတ်ဘူး ဒီဆက်ဆံရေးကို ငါဘယ်လိုခေါင်းစဉ်တပ်သင့်သလဲ တွေ့တာတစ်ရက်ပဲရှိသေးတဲ့ဆက်ဆံရေးလေ

𝙱𝚎 𝙼𝚢 𝙲𝚞𝚙𝚒𝚍 [ ᴄᴏᴍᴘʟᴇᴛᴇ ]حيث تعيش القصص. اكتشف الآن