part 7

1.9K 182 10
                                    

"သားကျန့်!"

"မား ဘာဖြစ်လို့လဲ"

"ရိပေါ်လေးနဲ့သား သူငယ်ချင်းဖြစ်တာဘယ်လောက်ကြာပြီလဲ"

"နှစ်ရက်!"

"ဘယ်လိုရယ်!"

"ဟုတ်တယ်မား! ဒီနေ့ရောမှနှစ်ရက်! မားတစ်ချိန်လုံးသူ့အကြောင်းပဲမေးနေတော့မှာလား! ဝမ်ရိပေါ်!!! မင်းလည်းစားပြီးပြန်တော့! မဟုတ်လို့မားနဲ့မခွဲနိုင်လည်း ခေါ်သာသွားတော့!"

ဒေါက်!

ရှောင်မားမား၏လက်မှာရှောင်းကျန့်၏ခေါင်းပေါ်သို့ ဒေါက်ကနဲ....

"အ! မား!!! ဘာလို့ခေါက်တာလဲ!မကြိုက်ဘူးနော်!"

"မခေါက်စေချင်ရင် ရိပေါ်လေးကိုမအော်နဲ့လေလေ!!!"

"ဟုတ်ကဲ့သွေ့ပုချိ! ဝမ်ရိပေါ်ကောင်းကောင်းစားပါခင်ဗျာ"

ရှောင်းကျန့်က ဝမ်ရိပေါ်ဘက်သို့ဦးညွှတ်လိုက်ရင်း တမင်ရွဲ့ပြောလိုက်တော့ ရိပေါ်က စားလက်စဇွန်းနှင့်ခက်ရင်းကို ပန်းကန်ပြားပေါ်ပြန်ချလိုက်ရင်း ရယ်လာတယ်

"အဟင်း!"

"မရယ်နဲ့!"

ရှောင်းကျန့်အော်ပြီးမှ ရှောင်မားမားဘက်ကိုပြန်ကြည့်ရသေးတယ် တော်ကြာ လက်ကနောက်တစ်ကြိမ်ခေါင်းပေါ်ရောက်လာမှဖြင့်....

အိမ်မှာနေစေချင်လားမသိ မနေစေချင်လားမသိအကြာကြီးနေတဲ့အပြင် မားကလည်းသူ့ကိုချစ်လိုက်တာတုန်နေရော မသိရင် ငါကပဲမြောင်းထဲကကောက်ရထားရသလားမှတ်ရတယ် တစ်ချိန်လုံးရုပ်တည်ကြီးနဲ့ဆူပုတ်နေတဲ့ အချေရေခဲကိုယ်တော်ကလည်း ခုတော့ပြုံးနေတဲ့အပြင်ရယ်တောင်ရယ်နေသေး ဘာလို့လဲ? ဘာလို့ ဝမ်ရိပေါ်ကအဲ့လောက်ကြည့်ကောင်းနေရတာလဲ? တစ်ချက်ပဲဘေးကိုခနဲ့ပြုံးသွားတာတောင် ဘာလို့အဲ့လောက်ချောမောနေရတာလဲ? တရားမျှတမှု! ဘယ်မှာလဲတရားမျှတမှု?"

"သား...ရိပေါ်လေး ညဉ့်နက်နေရင် ကလေးရဲ့ပါးနဲ့မားဆူနေဦးမယ်ကွဲ့"

"ကျွန်တော့်မှာ ပါး နဲ့ မား မရှိတော့တာ အချိန်အတော်ကြာပါပြီအားရီ"

"ဟို...အားရီတောင်းပန်ပါတယ်ကွယ်"

"ရပါတယ်အားရီ...ကျွန်တော်ဘာမှမဖြစ်ပါဘူး ကျွန်တော့်အတွက်သူကဘာမှမဟုတ်ပါဘူး"

𝙱𝚎 𝙼𝚢 𝙲𝚞𝚙𝚒𝚍 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now