စာစဉ် (၁၁၄)

840 29 0
                                    

အပိုင်း(၁၆၂၆): အကြွင်းမဲ့အနိုင်ရခြင်း

ရီဖူရှင်းနှင့် ရိထျန်းယွီကြားမှ ရန်ငြိုးရန်စများကြောင့် သူ့ကို မသတ်ရန် အကြောင်းပြချက် မရှိပေ။ သူတို့မှာ မဟာရန်သူများဖြစ်၏။

ထို့ကြောင့် သူ့ကို မသတ်ခြင်းသည် အလွန်အမင်း ရွံရှာနေခြင်းကို ဖော်ပြရာရောက်၏။ တစ်ချိန်က ပြိုင်ဘက်ကင်း ပါရမီရှင်ဟု ခေါ်တွင်ခဲ့သည့် ရိထျန်းယွီအတွက် ဤကဲ့သို့သော ဆက်ဆံခံရခြင်းသည် မျှော်မှန်း၍ မရနိုင်လောက်သော စော်ကားခံရမှုပင် ဖြစ်၏။

သို့သော် ထိုရက်စက်မှုက အမှန်တရားပင် ဖြစ်၏။ ထို့အပြင် အနိုင်ရသူများကသာ သမိုင်းတွင် မှတ်တမ်းတင်ခံရသည်။

သူသည် လှံတစ်ချက်ကိုပင် ခံနိုင်ရည်စွမ်း မရှိခဲ့ပေ။

ဤတိုက်ပွဲတွင် ကောင်းကင်အာဏာစက်ဘုံ ကောင်းကင်အာဏာစက်ပြည်ထောင်မှလွဲ၍ အခြားသော အင်အားစုများ အားလုံးသည် ရီဖူရှင်း၏ ဘက်တွင် နေခဲ့ကြ၏။ လှံက တိုးဝင်လာသည်ကို မြင်သည့်အခါ သူတို့သည် ကွဲပြားသည့် ခံစားချက်များစွာကို ခံစားနေကြရသည်။

ထိုလှံက ပစ်မှတ်ကို ထွင်းဖောက်သွားပြီးနောက်တွင် ကောင်းကင်အာဏာစက်ဘုံတွင် မည်သူမှ မယှဥ်ပြိုင်နိုင်သည့် နံပါတ်တစ်ဂျူနီယာလေးတစ်ယောက် ရှိလာသည်မှာ အမှန်တကယ်ပင် ဖြစ်တော့သည်။

ရိထျန်းယွီသာ ထိုလှံတစ်ချက်ကို ခံနိုင်ရည်စွမ်း မရှိပါလျှင် မည်သူက သူ့ကို ယှဥ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်နည်း။

သခင်လေးသာ ကျဆုံးသွားပါလျှင် သိုင်းနတ်ဘုရားကလန်မှ ရန်ဟောင်သည်လည်း မည်သည့်အခါမှ ပြန်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

ဂူထျန်းရှင်း ကျဆုံးသွားပြီးနောက် ကောင်းကင်အာဏာစက်ဘုံသည် အခြားသော ဘုံများထက် နောက်ကောက်ကျနေခဲ့ကာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များအကြားတွင် မည်သူမှ ရပ်တည်နိုင်ခြင်း မရှိခဲ့ကြပေ။ သို့သော် ယခုတွင် လူငယ်မျိုးဆက်အတွင်း ရီဖူရှင်းသည် ထိပ်ဆုံး၌ ရပ်တည်နိုင်သည့် အလားအလာရှိပေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now