စာစဉ် (၁၆၄)

762 31 1
                                    

အပိုင်း(၂၃၂၈)စွန့်ပစ်ခံကလန်၏အရှိန်အဝါ

စွန့်ပစ်ခံကလန်မှ အပြင်ကို ထွက်လာသော ဧည့်သည်တန်ခိုးရှင်များအားလုံးသည် သူတို့၏ယာယီစခန်းများသို့ ပြန်ကြသည်။

အင်အားစုအသီးသီးမှ တန်ခိုးရှင်များကလည်း စွန်ပစ်ခံကလန်၏တားမြစ်နယ်မြေအကြောင်းကို မေးမြန်းစုံစမ်းကြ၏။ သူတို့က ထိုပြန်လာသောသူများထံမှ အကြောင်းအရင်းစုံကို သိရှိကြသည်။

ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်သွားခဲ့ကာ စွန့်ပစ်ခံကလန်မှ ဖြစ်ပျက်ခဲ့သည်များအား ရှင်းပြ၏။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံးသည် စွန့်ပစ်ခံကလန်အကြောင်းကို ကြားသောအခါ အထင်ကြီးလေးစားကြရသည်။

သူတို့သည် သူတို့၏မိခင်ကုန်းမြေအတွက် စတေးရန် ဝန်မလေးကြပေ။

သေခြင်းရှင်ခြင်းနှင့် မျဉ်းတစ်ခုကြားတွင် ရှင်သန်နေရသော ကုန်းမြေသည် ပြင်ပလောကထက် ပိုမို၍ သန်မာလာကြသည်မှာ မထူးဆန်းပေ။

"ဖူရှင်း... မင်း ဘာလုပ်မယ် တွေးထားလဲ" အင်ပါယာနန်က ရီဖူရှင်းကို မေးသည်။ သူသည် စွန့်ပစ်ခံကလန်ကို လေးစားကာ အကယ်၍ သူတို့သာ ဝင်ပတ်သက်ပါက စိတ် မသက်မသာ ခံစားရပေမည်။

"ကျွန်တော်တို့က စောင့်ကြည့်တာပေါ့။ စွန့်ပစ်ခံကလန်ရဲ့ အဆိုပြုချက်အရ သူတို့ဟာ သေချာပေါက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သဘောကို တွေ့ရတယ်။ ပြီးတော့ သူတို့က ပြင်ပလောကအကြောင်းကို အများကြီး စုံစမ်းထားပြီးဖြစ်လို့ အကျိုးအကြောင်း အကောင်းအဆိုးကို တွက်ဆပြီး ဖြစ်လိမ့်မယ်။ သူတို့က သေမင်းတံခါးဝမှာ ရုန်းကန်လှုပ်ရှားလာတဲ့လူတွေပဲ။ သူတို့ဟာ ကျုပ်တို့ ထင်တာထက် ပိုသန်မာလိမ့်မယ်" ရီဖူရှင်းက ရှင်းပြသည်။ အင်ပါယာနန်က ခေါင်းညိတ်ကာ မည်သို့မှ ဆက်မပြောတော့ပေ။

ထိုအချိန်တွင် အင်အားစုတိုင်းမှ တန်ခိုးရှင်များသည် ရှေ့ကို တက်လာကြ၏။ သူတို့သည် ကောင်းကင်ထက်တွင် အသီးသီးရပ်ကာ စွန့်ပစ်ခံကလန်သို့ ကြည့်နေကြ၏။ တစ်ယောက်က ကျယ်လောင်စွာ ပြောသည် "စွန့်ပစ်ခံကလန်ဆီက လမ်းညွန်ပြသမှုကို တောင်းဆိုပါတယ်"

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now