Chapter 2

1.3K 158 6
                                    

"Hi Jennie!"

"ဘာမှာမလဲရှင့်"

"မင်း ဖုန်းနံပါတ်ဆိုရင်ရော"

"ကျွန်မတို့ဆိုင်ရဲ့ menu အသစ် နှစ်ထပ်ချောကလက်ကိတ်လေး စမ်းစားကြည့်-"

"Oh come on! ဒီလိုကြီးမလုပ်စမ်းပါနဲ့ Jennie"

"ကျွန်မတို့မှာ red velvet ကိတ်လဲရှိတယ်။ Hot chocolate နဲ့ဆို အရမ်းလိုက်ဖက်-"

"ကိုယ်နဲ့ Friday ညမှာ dinner လိုက်စားမှာမလား။ ကိုယ်မင်းအကြောင်းတွေတစ်ကယ် သိချင်တယ်"

"ရှင် မှာစရာရှိတာမှာမလား ဒါမှမဟုတ် ဆိုင်ထဲကနေ မောင်းထုတ်ရမှာလား"

"အခု customer ဆိုလို့ ကိုယ်တစ်ယောက်ပဲရှိတာကို။ အမြန်လိုဖို့မလိုပါဘူး မန်နေဂျာအလန်းလေးရယ်"

"ဒီမှာအလုပ်လုပ်တဲ့ ကောင်မလေးတိုင်းကိုလိုက်ကြူဖို့ ရှင်ကြိုးစားနေတာပဲလား"

"မင်းတစ်ယောက်ထဲပါပဲ။ မင်းကိုယ့်အကြောင်းတောင်မသိသေးပဲနဲ့ ငြင်းဖို့ကြိုးစားနေတာလား"

"အင်း ဟုတ်တယ်။ ကျွန်မဘဝသက်တမ်းတစ်လျှောက်လုံး ရှင်နဲ့ဒီလိုရန်ဖြစ်စကားများနေရမှာ မလိုချင်ဘူး။ ပြီးတော့ ရှင့်ရဲ့ ရည်းစားတွေ စာရင်းမှာလဲ မပါချင်ဘူး"

"အဲ့ဒီတော့ မင်းကကိုယ်နဲ့တစ်ကယ်အတည်တွဲဖို့ စိတ်ဝင်စားတာလား"

"ကျွန်မစကားကို အထအနလိုက်ကောက်မနေနဲ့ Lisa"

"မင်းကအရမ်းချစ်စရာကောင်းတာပဲ။ မင်းကိုယ်မင်းသိရဲ့လား"

"ရှင်ကတော့ ချစ်စရာမကောင်းဘူး"

"Friday ညလား ဒါမှမဟုတ် Saturday ညလား။ ဒါမှမဟုတ် မင်းအားတဲ့ညလား။ ကိုယ့်အတွက်အဆင်ပြေတယ်။ ကိုယ်နဲ့လိုက်ခဲ့ပါနော်"

"ရှင်ဘာလို့ ကျွန်မနဲ့ဒီလောက်တောင်အပြင်သွားချင်နေရတာလဲ။ ရှင့်ရဲ့အလောင်းအစားတွေထဲက တစ်ခုပဲလား"

"မဟုတ်ပါဘူး။ ကိုယ်တစ်ကယ်မင်းကို သဘောကျတာ"

"ပြီးတော့ ဒီမှာအလုပ်လုပ်တဲ့ single တိုင်းကိုရှင်သဘောကျနေတာပဲလေ။ ဂုဏ်ယူပါတယ်"

"မင်းသဝန်တိုနေတာလား"

"ရှင့်ကိုရှင် အထင်ကြီးလွန်းနေတာပဲ"

"သဝန်တိုနေတာမဟုတ်ဘူးလို့တော့ မငြင်းဘူးပေါ့ Nini"

"မဟုတ်ဘူး။ ကျွန်မဘာလို့ သဝန်တိုရမှာလဲ။ ပြီးတော့ ကျွန်မကို Nini လို့မခေါ်နဲ့"

"Nini ဆိုတာ အရမ်းကိုချစ်ဖို့ကောင်းတဲ့ nickname လေးပဲလေ။ မင်းဝန်ခံစမ်းပါ"

"ရှင်မှာမလား မမှာဘူးလား"

"ကိုယ့်ကို vanilla milkshake ခွက်ကြီးတစ်ခွက်ပေး"

"တစ်ခြားဘာမှာအုံးမလဲ"

"မင်း ဖုန်းနံပါတ်ဆိုရင်ရော"

"ရှင့်မှာ တစ်ခြားလုပ်စရာဘာမှမရှိတော့ဘူးလား"

"မနက်ဖြန်ထကျောင်းပြန်မဖွင့်သေးဘူးလေ။ အဲ့ဒီတော့ ကိုယ်ဒီနေ့ဘာလုပ်စရာမှမရှိဘူး"

"ရှင်ဘာမှထပ်မမှာတော့ဘူးဆိုရင် milkshake ဖိုး ငါးဒေါ်လာကျတယ်"

A/N

Enjoy guys!

တနင်္လာမနက်ခင်းလေး ရဲ့ သီအိုရီ (Jenlisa)Where stories live. Discover now