Chapter ( 3 )

484 47 3
                                    

 တစ်ပတ်.. မိုးဇက်ဘုံအိမ် သူ့အိမ်မှာ နေတာ တစ်ပတ်တိတိ
ရှိနေပြီ။ဟိုနေ့က အင်္ကျီအတင်းချွတ်မိတည်းက အဲ့ဒီ့လူ
သူ့ရှေ့တွင် တစ်ယောက်တည်းကို မနေတော့ဘူး။ ဖွားဖွား
ဘေးနားတစ်ချိန်လုံးကပ်ရင်ကပ်၊ မကပ်ရင် အခန်းတံခါးကို
လော့ချပြီးကိုနေနေတယ်။ ထမင်းစားချိန်မှာလည်း မျက်လုံး
ချင်းမဆုံမိအောင် ပတ်ရှောင်နေတယ်ဆိုတာ ဆန်း ခံစားမိ
သည်။

  နဖူးပေါ်လက်တင်ကာ ဆိုဖာမှာ လှဲအိပ်နေရာကနေ ၀ုန်းခနဲ
ပြန်ထလာပြီး..မိုးဇက်ဘုံအိမ် ရဲ့ အခန်းရှိရာ အပေါ်ထပ်
ကို မော့ကြည့်သည်။ဖွားဖွားကြီးလည်း အိမ်မှာမရှိတုန်း ဆို
တော့...အနိုင်ကျင့်လို့ရမယ့် အချိန်ကောင်းတစ်ခုဆိုတာ သဘောပေါက်လိုက်တော့သည်။

လက်မှာဝတ်ထားတဲ့ ခေါင်းစည်းကြိုးကို ချွတ်ပြီးရွှေအိုရောင်
ဆံပင်ရှည်ကို တစ်ဝက်ခန့်စည်းနှောင်၍ ဆိုဖာကနေ ထသွား
သည်။ အပေါ်ထပ်ကို ခပ်သွက်သွက်တက်ပြီး ဟိုလူ့ အခန်း
တံခါးကို  ခေါက်ကြည့်လိုက်တော့ တံခါးမဖွင့် ပဲ အသံပဲကြား
ရ၏။

   " ဘာကိစ္စလဲ "

  "ကျုပ်ပါ..ဖွားဖွားကြီး  ပြန်ရောက်ပြီ
ခင်ဗျားကိုခေါ်ခိုင်းလို့"

မိုးဇက် က ဖွားဖွားခေါ်တယ်လို့ကြားတာနဲ့ မဆိုင်းမတွပင်
အခန်းတံခါးကို ဖွင့်ပြီး ကြည့်တော့ သီအိုရီက သူ့အား မဲ့မဲ့
ကြီး ကြည့်နေသည်။ ရှောင်လွဲပြီး ထွက်သွားဖို့လုပ်သော
လည်း သီအိုရီ က ရှေ့ကနေ ကာဆီးထားတာမို့ မိုးဇက်
သက်ပြင်းချလိုက်မိသည်။

   "သီအိုရီ ဖယ်ပေး..ဖွားဖွားခေါ်နေတယ်ဆို"

   " ဘယ်သူပြောလို့လဲ..ကျုပ်ကနောက်တာ"

  သီအိုရီ သူ့ကို ထပ်မနှောင်ယှက်ခင်မှာအခန်းထဲပြန်ဝင်နေ
ဖို့် သာ ဆုံးဖြတ်ပြီး...လှည့်ထွက်တော့.သူ့လက်ကောက်ဝတ်
ကအဆွဲခံထားရပြန်သည်။ သီအိုရီ့ လက်က ကြီးလွန်းပြီး
အားကလည်း သူရုန်းလို့မရအောင် သန်နေတယ်။

   "ဘာလိုချင်လို့လဲ..သီအိုရီ"

ပိန်သေးလွန်းတဲ့ လက်ကောက်ဝတ်က ဆန်းလက်ထဲတွင်
ပျောက်ချင်ချင်။အခန်းထဲဝင်မပြေးခင် အချိန်မှီ လှမ်းဆွဲထား
နိုင်ခဲ့လို့  ဒီလူ မလွတ်တာ။

"𝑻𝑯𝑬𝑶𝑹𝒀" (သီအိုရီက အရမ်းဆိုးတယ်) Where stories live. Discover now